Thursday, April 6, 2017

ပင်လောင်မြို့၊ ရင်းမှီးတွင် (၃၃)ကြိမ်မြောက် ပအိုဝ်းစာပေအဖြေလွှာစစ်ဆေးပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဧပြီလ (၆) ရက်





ပင်လောင်း၊ နောင်တရား၊ ဖယ်ခုံဒေသရှိ ပအိုဝ်းစာပေပြန့်ပွားတိုးတက်ရေး သံဃာအဖွဲ့မှ ဦးဆောင်၍ ဒီကနေ့ ၂၀၁၇ ခုနှစ်၊ ဧပြီလ (၆) ရက်၌ ပင်လောင်မြို့၊ ရင်းမှီးရပ်ကွက် ရင်းမှီးဘုန်းတ်ာကြီးကျောင်းတွင် (၃၃)ကြိမ်မြောက် ပအိုဝ်းစာပေ အဖြေလွှာစစ်ဆေးပွဲကို ပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါ ပအိုဝ်းစာပေအဖြေလွှာ စစ်ဆေးပွဲတွင် စန္တာ;ခမ်းရှိ အနယ်အနယ်အရပ်အရပ်မှ ဖြေဆိုပြီးဖြစ်သော ပအိုဝ်းစာများကို စိစစ်အမှတ်ပေးကြရမည်ဖြစ်ပြီး ထိုပအိုဝ်းစာပေအဖြေလွှာ စစ်ဆေးပွဲကို လူငယ်များအနေဖြင့် မိမိတို့၏ မိခင်ပအိုဝ်းစာပေကို ချစ်မြတ်နိုးမှု၊ စိတ်ဝင်စားမှု ပိုမိုရရှိလာစေရန်၊ အနယ်နယ်အရပ်ရပ်မှ လူငယ်များအချင်းချင်း တွေ့ဆုံရင်းနှီးမှုရရှိစေရန်နှင့် လူငယ်များအနေဖြင့် မိမိတို့၏ပအိုဝ်းစာပေကို ဆက်လက်ထိန်းသိမ်းသွားနိုင်ရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယခုနှစ် ကျင်းပသော (၃၃)ကြိမ်မြောက် ပအိုဝ်းစာပေအဖြေလွှာစစ်ဆေးပွဲတွင် ရဟန်းသံဃာ အပါး(၁၀၀)၊ စာစစ်ဆရာ(၁၆၄)ဦးနှင့် စာစစ်ဆရာမ(၂၂၉)ဦး စုစုပေါင်း(၄၉၃)ဦး ရှိကြောင်း၊ အဆိုပါ ပအိုဝ်းစာပေအဖြေလွှာစစ်ဆေးပွဲတည်နေရာကို တစ်နေရာတည်းတွင် ပုံသေသတ်မှတ်ခြင်းမရှိဘဲ ကျေးရွာ အုပ်စုအလိုက် ရွေ့ပြောင်းထားလျက်ရှိကြောင်း သိရှိရသည်။

ခွန်တီးမောင်(ပင်လောင်)

Powered by Blogger.