Sunday, April 9, 2017

ပင်းတယမြို့နယ်၊ ဘုရားဖြူတွင် ဒုတိယအကြိမ်မြောက် ပအိုဝ်းစာပေကျောင်းဆင်းပွဲနှင့် ဆုပေးပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဧပြီလ (၉) ရက်



ပင်းတယမြို့နယ်၊ ကလောမြို့နယ်ရှိ ပအိုဝ်းစာပေပြန့်ပွားရေးနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်၍ ဒုတိယ အကြိမ်မြောက် ပအိုဝ်းစာပေကျောင်းဆင်းပွဲနှင့်ဆုပေးပွဲကို ဒီကနေ့ ၂၀၁၇ခုနှစ်၊ ဧပြီလ(၉)ရက်နေ့၌ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ဘုရားဖြူကျေးရွာတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါ ပအိုဝ်းစာပေ ကျောင်းဆင်းပွဲနှင့် ဆုပေးပွဲသို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ ဦးအာကာလင်း၊ ကလောမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဒု-ဥက္ကဌ ဖြားခွန်ကျော်သူနှင့် သက်ဆိုင်ရာ လူကြီးမင်းများ၊ ရပ်မိရဖများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ အဖွင့်အမှာစကားပြောကြားပြီး ပအိုဝ်းစာပေကျောင်းဆင်းပွဲနှင့် ဆုပေးပွဲအတွက် အလှူငွေ(၅)သိန်းကျပ် ချီးမြှင့်ပေးခဲ့ပါသည်။ ထို့နောက် ကလောမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဒု-ဥက္ကဌ ဦးခွန်ကျော်သူက အားပေးစကားပြောကြားကာ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသည့် ကျောင်းသား/သူများကို ဆုချီးမြှင့်ပေးအပ်ပြီး ကြွရောက်လာသော လူကြီးမင်းများနှင့် မိဘပြည်သူများအတွက် ကျောင်းသား/သူများမှ အကပဒေသာများဖြင့် ဧည့်ခံဖျော်ဖြေ ပေးခဲ့ပါသည်။

အဆိုပါ ပအိုဝ်းစာပေဖြေဆိုရာတွင် ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ရှိ ကျေးရွာအုပ်စု စုစုပေါင်း(၈)အုပ်စုမှ ကျောင်းသား/သူ စုစုပေါင်း(၄၈၅)ဦး ဖြေဆိုခဲ့ကြောင်း သိရှိရပါသည်။

ခွန်မျိုးညွန့်(အောင်ပန်း)

Powered by Blogger.