Tuesday, April 4, 2017

Mingalar Incubation School (MIS) မှ “Business Manner Program for Japanese Job” တစ်နှစ်သင်တန်းလျှောက်ထားနိုင်

တောင်ကြီး၊ ၂၀၁၇ ခှုနှစ်၊ ဧပြီလ (၄) ရက်

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် ဒေသတွင်းလူငယ်များ အသက်မွေးဝမ်းကျောင်းပညာနှင့် အလုပ်အကိုင်ရရှိရန် ဂျပန်နိုင်ငံအခြေစိုက် MIS ကုမ္ပဏီနှင့် ပူးပေါင်းပြီး Mingalar Incubation School ကျောင်းတွင် အသက်မွေးဝမ်းကျောင်း ပညာသင်ကြားခြင်း၊ အလုပ်ပေးခြင်း ဆောင်ရွက်ပါသည်။

ယခုတွင် MIS ကျောင်းမှ ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်အတွက် “Business Manner Program for Japanese Job” တစ်နှစ်သင်တန်းကို ပြန်လည်ခေါ်ယူနေပြီဖြစ်ပါသည်။

ယခင်၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်တွင် ပအိုဝ်းလူငယ်များ (၁၀) ဦးကို Scholarship ဖြင့် အခြားကျောင်းသားများနည်းတူ ပညာသင်ကြားလျက်ရှိပါသည်။

သင်တန်းနှင့်ပတ်သက်သည့် အချက်အလက်များ ဖတ်ရှုနိုင်ရန်အတွက် ၀င်ခွင့်ဖောင်နှင့် အတူသင်တန်းအချက်အလက်စာရွက်များကို အောက်ပါအတိုင်း ပူးတွဲဖော်ပြပေးလိုက်သည်။ အသေးစိတ်သိရှိလိုပါက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပြည်သူ့ဆက်ဆံရေးဌာန၊ ဌာနမှူးခွန်စောလွင် (ဖုန်း - ၀၉-၄၀၁၆၂၂၉၃၂ ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။







ပြည်သူ့ဆက်ဆံရေးဌာန
       ဗဟိုဌာနချုပ်ရုံး
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)
      တောင်ကြီးမြို့


Powered by Blogger.