Monday, May 15, 2017

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ဆောင်ရွက်မည့်အစီအမံများ အသိပေးရှင်းလင်းခြင်း အခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မေလ (၁၅) ရက်




၂၀၁၇၊ မေလ(၁၅)ရက်နေ့၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ဆောင်ရွက်မည့်အစီအမံများ အသိပေးရှင်းလင်းခြင်းပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ရှမ်းပြည်နယ် ဆေးလိပ်ငွေ့ကင်းစင်ဒေသများ၊ မြို့များ၊ မြို့တော်များ ပေါ်ထွက်ရေးနှင့်ပတ်သက်သည့်အကြောင်းအရာများကို ရှင်းလင်းပြီး တက်ရောက်လာသူများက ပြန်လည်ဆွေးနွေးတင်ပြခဲ့ပါသည်။

ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီးက တောင်ကြီးခရိုင် ဆေးလိပ်ငွေ့ကင်းစင်ဒေသများ၊ မြို့များ၊ မြို့တော်များပေါ်ထွက်လာရေးအတွက် ခရိုင်အုပ်ချုပ်ရေးမှူးသို့ တာဝန်ပေးအပ်ခြင်း အစီအစဉ်ကိုလည်း ပြုလုပ်ခဲ့ပါသည်။

(၂၀၁၅)ခုနှစ် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော 3rd Smoke Free ASEAN Regional Workshop တွင် မြန်မာနိုင်ငံအနေဖြင့် ဆေးလိပ်ငွေ့ကင်းစင်ဒေသသတ်မှတ်ရာတွင် မန္တလေးတိုင်းတွင် ပုဂံဒေသ၊ ရှမ်းပြည်နယ်တွင် အင်းလေးနှင့်ပင်းတယရွှေဥမင်လိုဏ်ဂူဒေသများကို ကတိပြု သတ်မှတ်ခဲ့ပါသည်။ သို့ဖြစ်သည့်အတွက် ရှမ်းပြည်နယ်အနေဖြင့် ယခု အင်းလေးဒေသနှင့် ပင်းတယရွှေဥမင်လိုဏ်ဂူတွင် ဆေးလိပ်ငွေ့ကင်းစင်ဒေသဖြစ်လာအောင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

၂၀၂၀-ခုနှစ်အရောက်တွင် ရှမ်းပြည်နယ်အတွင်းရှိ တောင်ကြီး၊ လွိုင်လင်၊ လင်းခေး၊ လားရှိုး၊ ကျောက်မဲ၊ မူဆယ်၊ လောက်ကိုင်၊ ဟိုပန်၊ မိုးမိတ်၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်မြို့များတွင် ဆေးလိပ်ငွေ့ကင်းစင်နေရာများ ဖြစ်လာစေရန်နှင့် ဦးစွာပထမ ဥပဒေသတ်မှတ်ထားသည့်အတိုင်း ဆေးလိပ်မသောက်ရနေရာများတွင် လိုက်နာစေရန်၊ အဆင့်လိုက် ဆေးလိပ်ငွေ့ကင်းစင်နေရာများကို တိုးတက်သတ်မှတ်ဆောက်ရွက်ရန်နှင့် ရှေးဟောင်းအမွေအနှစ်နယ်မြေများ၊ ဘုရားပုထိုးစေတီများ၊ နိုင်ငံခြားသား လာရောက်လေ့ရှိသော နယ်မြေများအားလုံး ဆေးလိပ်ငွေ့ကင်းစင်သော နေရာများအဖြစ် ဆောက်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။

ခွန်ဓဇ
Powered by Blogger.