Sunday, June 4, 2017

ILO၊ PTNနှင့် PNOတို့ ပူးပေါင်း၍ “အခြေခံစီးပွားရေးအမြင်ဖွင့်သင်တန်း”ကို (၃၁)နေရာအထိ ဖွင့်လှစ်နိုင်ခဲ့

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၄) ရက်





အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO)၊ ပီတိဆရာကွန်ရက်(PTN)နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)တို့ ပူးပေါင်း၍ ၂၀၁၇ ခုနှစ်၊ (ဧပြီလမှမေလအထိ) စီမံချက်ကာလအတွင်း “အခြေခံစီးပွားရေးအမြင် ဖွင့်သင်တန်း”ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တောင်ကြီးမြို့နယ်တို့တွင် နေရာပေါင်း (၃၁)နေရာအထိ ကျင်းပနိုင်ခဲ့ကြသည်။ အခြေခံစီးပွားရေးအမြင် ပွင့်လင်းလာစေရန် ဒေသခံစုစုပေါင်း (၇၈၃)ဦးကို သင်တန်းပေး နိုင်ခဲ့ကြခြင်းပင်ဖြစ်သည်။
မြို့နယ်/မြို့နယ်ခွဲပေါင်း(၆)မြို့နယ်ကို သင်တန်းပေးနိုင်ခဲ့ကြပြီး တောင်ကြီးမြို့နယ်တွင် (၁၆)နေရာ၊ ပင်လောင်းမြို့နယ်တွင် (၂)နေရာ၊ နောင်တရားမြို့နယ်ခွဲတွင် (၄)နေရာ၊   ကျောက်တလုံးကြီးမြို့နယ်ခွဲတွင် (၅)နေရာ၊ ဆီဆိုင်မြို့နယ်တွင် (၃)နေရာနှင့် ဟိုပုံးမြို့နယ်တွင် (၁)နေရာ သင်တန်းပေးနိုင်ခဲ့ကြသည်။ သင်တန်းပို့ချပေးခဲ့သည့်ဆရာဆရာမဦးရေမှာ စုစုပေါင်း (၁၂)ဦးဖြစ်ကာ သင်တန်းဖွင့်လှစ်ကြရန် အသိပေးအကြောင်းကြားနှိုးဆော်ခဲ့သည့် ဒေသများမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ဆက်စပ်မြို့နယ်များ၊ ရှမ်းပြည်နယ်အတွင်းရှိ အခြားမြို့နယ်များ(PNOပါတီရုံးရှိရာ)ဖြစ်ပြီး မြို့နယ်ရုံးတာဝန်ခံမှ တစ်ဆင့် ကျေးရွာအုပ်စု၊ ကျေးရွာအုပ်စုတစ်ဆင့် ကျေးရွာများသို့ အသိပေးအကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ဤကဲ့သို့ ကျေးလက်နေပြည်သူများနှင့် အသေးစားလုပ်ငန်းအစပြု/လုပ်ကိုင်နေသူ ပြည်သူလူထုထံသို့ စီးပွားရေးအခြေခံသဘောတရားများ စိမ့်ဝင်ပျံ့နှံ့လာစေရန်မှာ အဆိုပါသင်တန်းများကို နေရာအနှံ့အပြား ဆက်လက်ဖွင့်လှစ်သွားရန် အထူးလိုအပ်လျက် ရှိနေသေးသည်ကိုလည်း တွေ့ရသည်။

ခွန်ဖုံထံယံဟိတ်

Powered by Blogger.