Thursday, September 28, 2017

"ပအိုဝ်းလူမျိုးတိုင်းရင်းသားများ တစ်ဦးချင်းစီ ပညာတတ်ပြီး စည်းလုံးညီညွတ်ပါက တစ်ခြားသောလူမျိုးများထက် မသာလွန်ရင်တောင်မှ တန်းတူရင်ဘောင်တန်းနေထိုင်နိုင်"ဟု ကျောက်တန်းဘုန်းတော်ကြီးကျောင်းဆရာတော်မှ သြဝါဒမြွက်ကြား

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်





  




၂၀၁၇ခုနှစ်၊ စက်တင်ဘာလ(၂၈)ရက်၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် အထူးဒေသ (၆)၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်းဘုန်းတော်ကြီးကျောင်းအတွင်း အထူးဒေသ(၆)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ မျင်းမိုရ်းခမ်း (ခမ်း၊ နယ်း၊ အွိုင်း)အဖွဲ့မှ လူထုများကို တွေ့ဆုံခဲ့ပါသည်။

ရှေးဦးစွာ ကျောက်တန်းဘုန်းတော်ကြီးထံမှ ရတနာ(၃)ပါးကန်တော့ကာ ငါးပါးသီလခံယူပြီး ဆရာတော်မှ" လူမျိုးတစ်မျိုး၊ အဖွဲ့တစ်ဖွဲ့သည် အခြားသောလူမျိုး၊ အခြားသောအဖွဲ့ထက် မသာလွန်ရင်တောင်မှ တန်းတူရင်ဘောင်တန်းနေထိုင်နိုင်ရန် တစ်ယောက်ချင်းစီမှစပြီး အချင်းချင်းစည်းလုံးညီညွတ်ပြီး ပညာတတ်ဖြစ်အောင်ကြိုးစားရန်လိုအပ်ကြောင်း၊ သံဃာတော်ဆရာတော်များ၊ ရှေ့ဆောင်လမ်းပြပေးကြသော အထက်လူကြီးမင်းများ၊ ရပ်ရွာလူကြီးများ၊ အချင်းချင်းပြောစကားများကို နားထောင်ရန်လိုအပ်ကြောင်း၊ လက်အောက်ငယ်သားမျိုးဆက်သစ်များ ယောက်တိုင်း ပညာတတ်လိမ္မာရေးခြားရှိဖို့ မိဘတိုင်းမှာ တာဝန်ရှိကြောင်း၊ ပအိုဝ်းလူမျိုးအချင်းချင်း စည်းလုံးညီညွတ်မှုရှိပါက ချမ်းသာမှုတစ်ခု ရရှိမည် ထို့ကြောင့် စည်းလုံးညီညွတ်ပြီး ပညာတတ်တယောက်ဖြစ်အောင်ကြိုးစားကြရန်သည် အရေးကြီးဆုံးဖြစ်သည်"ဟု သြဝါဒစကား မိန့်ကြားခဲ့ပါသည်။

ထို့နောက် (PNA)အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)ဒု-ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဖြားတန်ခွန်ပီတာထွန်းနိုင်မှ "ပအိုဝ်းလူမျိုးတော်လှန်ရေး စတင်လုပ်ဆောင်ရသည့်အကြောင်းအရာများ၊ (PNA)ပအိုဝ်းအမျိုးသားတပ်မတော် စတင်ဖြစ်ပေါ်လာရသည့်အကြောင်းများ၊ ရပ်ရွာနယ်မြေလုံခြုံရေးရှိဖို့ အထူးလိုအပ်ကြောင်း၊ နယ်မြေအတွင်းမူးယစ်ဆေးဝါးပြဿနာများကင်းရှင်းရန်လိုအပ်ကြောင်း၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီ အဖွဲ့ဝင် ဦးခွန်ရာမမှ"လူမျိုးတစ်မျိုးတွင် အရေးကြီးဆုံးမှာ ဘာသာစကားနင့်ယဉ်ကျေးမှုတစ်ဖြစ်ကြောင်း၊ မိမိဘာသာစကားကို မပပျောက်အောင် ထိန်းသိမ်းသင့်ကြောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးများ၏ စည်းလုံးညီညွတ်ခြင်းကြောင့် လွပ်လပ်ရေးရခဲ့သည်ကို ဥပမာပြပြီး ပအိုဝ်းလူမျိုးများသည်လည်း အချင်းချင်းစည်းလုံးညီညွတ်ဖို့လိုအပ်လာပြီဖြစ်ကြောင်း ညီညွတ်မှုရှိမှသာ ရန်သူရန်ကို ကာကွယ်နိုင်မည်ဖြစ်ကြောင်းကိုလည်း အကျယ်တဝင့် ပြောကြားခဲ့သည်။

ဆက်လက်ပြီး (PNA)ပအိုဝ်းအမျိုးသားတပ်မတော် တပ်ရင်း(၉)ဒု-တပ်မှူး ဗိုလ်မှူးခွန်အောင်ကိုးမှ"အထူးဒေသ(၆)အတွင်းရှိ (၁၇)မြို့နယ်တွင် နေထိုင်ကြသော မိဘပြည်သူများ၏ ရပ်ရွာဒေသ၊ အသက်၊ အိုးအိမ်စည်းစိမ် မပျက်စီးရအောင် အသွင်းပြောင်းပြည်သူ့စစ်(ဌာနေ) ပအိုဝ်းအမျိုးသားတပ်မတော်မှ တာဝန်ယူဆောင်ရွက်နေရကြောင်း၊ လုံခြုံမှုရှိမှ ချမ်းသာသုခနေထိုင်နိုင်မည်ဖြစ်ပြီး အိမ်တွင်းခြံစည်းရိုးခတ်ဖို့လည်းလိုအပ်ကြောင်း၊ မိမိတို့ရရှိထားသော အချိန်ကိုမဖြုန်းတီးဘဲ အကျိုးရှိရှိအသုံးပြုတတ်ရန်၊ ကံဘယ်လောက်ဆိုးဆိုး ဝီရိယထားလုပ်ဆောင်ပါက အောင်မြင်မှုရရှိလာမည်ဖြစ်ကြောင်း၊ အိမ်တွင်းရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့နှင့်ပတ်သက်သော သန့်ရှင်းရေးနှင့် ကျန်းမာရေးများကိုလည်း အကျယ်တဝင့်ပြောကြားခဲ့ပါသည်။ ပအိုဝ်းလူငယ်ကွန်ယက်(PYN)တာဝန်ခံ ခွန်စိုးမောင်မှ"(PNO)ဗဟိုဌာနချုပ်ရုံး၊ ဖွဲ့စည်းပုံနှင့် ဌာနတစ်ခုချင်းစီ၏ လုပ်ငန်းတာဝန်ဆောင်ရွက်ချက်များ၊ ပအိုဝ်အမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုကော်မတီ၊ စည်းရုံးရေးဌာနမှူး နန်းခမ်းဗွာမှ"မိမိတို့အထူးဒေသ(၆)သည် ဖြားဗွာလှဖေ ချမှတ်ခဲ့သော နိုင်ငံရေးခံယူချက်ရှိသော တပ်မတော် အရည်အချင်းပြည့်ဝသော အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူနှင့်တည်မြဲအောင် ထိန်းငြိသောအချက်(၃) ဗဟိုကော်မတီ(သံဖိုခနောက်)လမ်းစဉ်နှင့် အညီဆက်လက်ကျင့်သုံးသွားမည့်အကြောင်းကို အကျယ်တဝင့်ပြောကြားပေးခဲ့သည်။

ထို့နောက် အထူးဒေသ(၆)တာဝန်ခံ ဗိုလ်ကြီးညွန်းမှ ရပ်ရွာဒေသ လိုက်နာရမည့်စည်းကမ်းချက်များ၊ ကျောက်တလုံးကျေးရွာအုပ်စု၊ အတွင်းရေးမှူး ဖြားခွန်ကျော်ငွေမှ တက်ရောက်လာသော မိဘပြည်သူများအားလုံးကိုယ်စား ကျေးဇူးတင်စကားပြောကြားရင်း မျင်းမိုရ်းခမ်း၊ ခမ်းဗွေး ဖြားတန်ဆရာခေါင်မှ နိဂုံးချုပ်စကားပြောကြားပေးခဲ့သည်။

ထိုတွေ့ဆုံပွဲသို့ ကျောက်တန်းကျေးရွာအုပ်စု၊ နာဝဲဉ်ကျေးရွာအုပ်စု၊ ဟိုနာကျေးရွာအုပ်စုမှ ရပ်မိရပ်ဖများ၊ အထူးဒေသ(၆)တာဝန်ရှိ ပုဂ္ဂိုလ်များ၊ (PNA)အသွင်းပြောင်းပြည်သူ့စစ်(ဌာနေ)တာဝန်ရှိပုဂ္ဂိုလ်များ၊ (PNO)ဗဟိုကော်မတီ တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်းလူဦးရေ(၅၀၀)ကျော်တက်ရောက်ခဲ့ပါသည်။

နန်းခမ်းရား
Powered by Blogger.