Friday, September 29, 2017

တောင်ကြီးတောင်ပိုင်းနှင့် ကျောက်တလုံးကြီးမြို့နယ်သည် ပအိုဝ်းလူမျိုးတို့၏ ဘူမိနက်ဿန်ဒေသဖြစ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်










တောင်ကြီးတောင်ပိုင်းနှင့် ကျောက်တလုံးကြီးမြို့နယ်သည် ပအိုဝ်းလူမျိုးတို့၏ ဘူမိနတ်သန် ဒေသ များဖြစ်ကြောင်း (PNO)အသွင်ပြောင်းပြည်စစ်(ဌာနေ) ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးခွန်မြင့်အောင်က ၂၀၁၇ ခုနှစ်၊
စက်တင်ဘာလ(၂၉)ရက်နေ့၌ အထူးဒေသ(၆)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ခမ်း၊ နယ်၊ အွိုင် အဖွဲ့
ကျောက်တလုံး ကြီးမြို့နယ်၊ နောင်ကားကျေးရွာအုပ်စု၊ ထမ်းဘုရား ဘုန်းတော်ကြီးကျောင်းလူထုတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

တွေ့ဆုံပွဲတွင်ပထမဦးစွာ ထမ်းဘုရားဆရာတော်ကြီးထံတွင် (၅)ပါးသီလနှင့် သြ၀ါဒခံယူခဲ့ပြီး အထူးဒေသ(၆)၊ ကန်တော်ကြီးမြို့နယ်၊ နောင်ကာအွိုင်ဥက္ကဋ္ဌ ဆရာမောင်ကအဖွင့်အမှာစကား ပြောကြားခဲ့သည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုကော်မတီဝင် စောခွန်ကျော်ဝင်းက မိမိတို့သည် ခေါင်းဆောင်ကြီး
ဖြားဗွာဦးလှဖေနှင့်အတူ ခေါင်းဆောင်ကြီးများချမှတ်ခဲ့သော အမျိုးသားတပ်မတော် (ပြည်သူ့စစ်)၊ အုပ်ချုပ်ရေးအဖွဲ့(ခမ်း၊ နယ်၊ အွိုင်)၊ ပြည်သူနှင့် ထိုသုံးခုကို ထိန်းညှိပေးသော ဗဟိုကော်မတီ(ဖိုခနောက်မူဝါဒ)
အတိုင်းလုပ်ဆောင်နေကြောင်း၊ ဒီမိုကရေစီခေတ်သည် တိုင်းပြည်မတည်ငြိမ်ပါက မြန်မာ့သမိုင်းတွင်
အာဏသိမ်းမှုများရှိနေသဖြင့် ဖိုခနောက်မူဝါဒကို ထားခဲ့လို့မရနိုင်ကြောင်းနှင့် တစ်ဦး တစ်ယောက်အကျိုးအစီးပွားအတွက် လူအများ(အမျိုးသား)ထိခိုက်စေနိုင်သော လုပ်ငန်းများကို မလုပ်ဆောင်သင့်ကြောင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ပြောခဲ့သည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုကော်မတီ ခွန်ဆောင်းရွှေက ဌာနချုပ်ရှိဌာနများတစ်ခုချင်းစီ၏လုပ်ဆောင်ချက်များကို အကျယ်တစ်ဝင့် ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)အသွင်ပြောင်းပြည်သူစစ်(ဌာနေ) ဗိုလ်မှူး ကြီးဖြားခွန်မြင့်အောင်က ပအိုဝ်းအမျိုးသားခေါင်းဆောင်များဖြစ်ကြသော ဗိုလ်ချုပ်စံသိန်း၊ ဗိုလ်ချန်ဇုံ၊ အမတ်ဦးအောင်သာ၊ ဗိုလ်ဟိန်မောင်၊ ဖြားတန်အောင်ခမ်းထီ စသည်တို့သည် တောင်ကြီးတောင်ပိုင်းနှင့် ကျောက်တလုံးကြီးမြို့နယ်တို့တွင် မွေးဖွားကြသောကြောင်း ပအိုဝ်းလူမျိုးတို့၏ ဘူမိနက်ဿန် ဒေသများဖြစ်ပြီး စည်းလုံးညီညွှတ်စွာဖြင့် စောင့်ရှောက်ရမည်ဖြစ်ကြောင်းနှင့် ဒေသလုံခြုံရေးအကြောင်း များကို အကျယ်တ၀င့် ပြောကြားခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲကို မနက်(၉း၅၀)အချိန်တွင်စတင်၍ နေ့ လယ်(၁၂း၃၅)အချိန်တွင်ရုပ်သိမ်းပြီး ဒေသခံပြည်သူများ (၁၀၀၀)ကျော်တက်ရောက်ခဲ့ကြောင်းသိရသည်။

ခွန်ခမ်းခြွိုင်

Powered by Blogger.