Wednesday, September 27, 2017

လူငယ်များသည် နောင်တချိန်တွင် ပုခုံးပြောင်းတာဝန်ယူရမှာဖြစ်သည့်အတွက် ယခုလိုလူထုတွေ့ဆုံပွဲကို လူငယ်များများတက်ရောက်နိုင်ရန် လိုအပ်သည် ဟု စန္တာခမ်း ၊ ဒု - ခမ်းဗွေ ဖြားခွန်ထွန်းတင်ပြောကြား

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်








စန္တာခမ်း၊ ကလောမြို့နယ်၊ ပင်မှီဒေသ၊ မွေတော်ဘုန်းတော်ကြီးကျောင်း၌  စက်တင်ဘာ (၂၇) ရက်နေ၌့ ကျင်းပသည့် လူထုတွေ့ဆုံပွဲတွင် နောင်တချိန်လူငယ်များသည် ပခုံးပြောင်းတာဝန်ယူရမှာဖြစ်သည့်အတွက် ယခုလိုလူထုတွေ့ဆုံပွဲကို လူငယ်များများတက်ရောက်နိုင်ရန် လိုအပ်သည်ဟု စန္တာခမ်း ဒု -ခမ်းဗွေ ဖြားခွန်ထွန်းတင်က ဤတွင်ပြောကြားခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲတွင် " ပြည်သူလူထုများ နိုင်ငံရေး၊ ပညာရေး၊ လှုမှုရေး စသည့်အကြောင်းအရာများကို သိရှိနိုင်ရန်အတွက် ဟောပြောရခြင်းဖြစ်ကြောင်း၊ ပညာတတ်လူငယ်များသည် နောင်တချိန်တွင် ပခုံးပြောင်းတာဝန်ယူရမှာဖြစ်သည့်အတွက် ယခုလိုဟောပြောပွဲများသည် လူကြီးများအတွက်သာမဟုတ်ဘဲ လူငယ်များသည်လည်း များများတက်ရောက်ရန်လိုအပ်ကြောင်း၊ ယခုကတည်းကပင် မျိုးဆက်သစ်ပညာတတ်လူငယ်များ ကြိုတင်ပြင်ဆင် လေ့လာဆည်းပူးထားမှသာလျှင် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာမည်ဖြစ်ကြောင်း၊ အမျိုးသားရေးအကျိုး၊ နိုင်ငံအကျိုး၊ ဒေသအကျိုးများကို ဦးဆောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း " စန္တာခမ်း၊ ဒု - ခမ်းဗွေး ဖြားခွန်ထွန်းတင် ကပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ကလောမြို့နယ်၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု နာယက ဖြားခွန်ထွန်းရှိန် က ပညာတတ်၊ အသိပညာ ၊ ဗဟုသုတအားနည်းနေသောကြောင့် တိုးတက်မှုနောက်ကျကျန်နေခဲ့သည်ဖြစ်ကြောင်း သုံးသပ်မိပါသည်။ ပအိုဝ်းတိုင်းရင်းသားများသည် ညီညီညွှတ်ညွှတ်စည်းစည်းလုံးလုံးရှိရန်လိုအပ်ကြောင်း၊ ယခုအစိုးရသည် ပြည်သူ့အစိုးရဟုပြောလို့ရသလို ပြည်သူများ၏လိုအပ်ချက်မျာကို လွှတ်တော်ကိုယ်စားလှယ်၊ အုပ်ချုပ်ရေးမှူး ထံ တင်ပြရသည်မှာ ပြည်သူတို့တာဝန်ဖြစ်ကြောင်း၊ ပြည်သူလိုအပ်ချက်ကို ရရှိနိုင်ရန်အတွက် တင်ပြရသည်မှာ မကြောက်မရွှံ့ဘဲ ရဲရဲဝံ့ဝံ့တင်ပြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

ကလောမြို့နယ်၊  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ အတွင်းရေးမှူး ဖြားခွန်သန်းမောင် (ခ) ခွန်ပေါလိုင်း က ဟောပြောပွဲ၊ တရားပွဲ၊ အစည်းအဝေးပွဲများပြုလုပ်ပေးခြင်းသည် ပြည်သူများအတွက် အသိပညာဗဟုသုတများ သိစေရန်လုပ်ဆောင်ရခြင်းဖြစ်ကြောင်း၊ နောက်ထပ်ယခုလို ဟောပြောပွဲ၊ တွေ့ဆုံပွဲများလုပ်ရင် ပြည်သူများ လူတိုင်းတက်နိုင်ရန်လိုအပ်ကြောင်း၊ လူတိုင်း အမျိုးသားရေးအပေါ် မျိုးချစ်စိတ်များထားရှိရန်၊ လူငယ်များပညာရေးကို အားပေးရန်၊ ကျေးရွာအတွင်းရှိပြည်သူများ စည်းလုံးညီညွှတ်မှုရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် (PNA) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) ဒု-ဗိုလ်မှူးကြီး ခွန်အောင်သန်းက ပအိုဝ်းအမျိုးသားတော်လှန်ရေးအကြောင်းအရာများ၊ ငြိမ်းချမ်းရေးအကြောင်းအရာများ၊ မြေယာများကို အလွယ်တကူမရောင်းကြရန် မဖြစ်မနေရောင်းခဲ့ရသည်ဆိုသော်လည်း မိမိတို့နှင့် ဘာသာသူ၊ လူမျိုးသူထံရောင်းပေးကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုကော်မတီဝင် ခွန်အောင်နိုင်က ၁၉၉၁ ခုနှစ်ငြိမ်းချမ်းရေးယူပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အကြောင်းအရာများ၊ ဗဟိုဌာနချုပ်ရုံး၏ ဖွဲ့စည်းပုံနှင့် ဌာနတစ်ခုချင်းစီး၏ လုပ်ငန်းဆောင်ရွက်ချက်များ၊  မိမိတို့မဲဆန္ဒနယ်အပြင် မိမိတို့ပအိုဝ်းလူမျိုးများနေထိုင်ရာ အခြားမြို့နယ်များသည် ပြည်သူများ၏လိုအပ်ချက်ကို တတ်စွမ်းသမျှ ပူးပေါင်းဆောင်ရွက်ရန် အဆင့်သင့်ရှိသည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုကော်မတီဝင် ဖြားခွန်တင်ထွဋ္ဋ် က  လူငယ်များအလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်ရန် ဌာနဆိုင်ရာအသီးသီးတွင် တာဝန်ထမ်းဆောင်ရန်လိုအပ်ကြောင်း၊ အသက်(၁၈) နှစ်ပြည့်ပြီးသူတိုင်း အမျိုးသား/သမီး မှတ်ပုံတင်များမဖြစ်မနေပြုလုပ်ရန်၊ မူးယစ်ဆေးဝါးအန္တရာယ်များသည် ပြည်သူများအတွက် အသံတိတ်လက်နက်များဖြစ်သကဲ့သို့ မကောင်းသောအရာများကို  ရှောင်ကျဉ်ကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

ထို့နောက်    "ဖွံ့ဖြိုးတိုးတက်မှုသည် ပညာရေး၊ စီးပွားရေး၊ လှုမှုရေးများပေါ်တွင် အခြေခံသောကြောင့် မိဘပြည်သူများ အသိပညာ၊ ဗဟုသုတများတိုးပွားလာစေရန် အလွန်ပင်လိုအပ်ကြောင်း၊ ယခုလိုပြည်သူများအတွက် အသိပညာ၊ ဗဟုသုတများကို လာရောက်ဟောပြောပေးခြင်းသည် ဒေသခံများအတွက်အလွန်ပင်ဝမ်းသာဂုဏ်ယူမိပါကြောင်း" ဖြားမော်သဲုင်က ပြောကြားခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲကို ပင်မှီဒေသ မှ ဒေသခံရပ်မိရပ်ဖ (၂၅၀) ကျော်တက်ရောက်ကြောင်းသိရှိရပါသည်။

နန်းအိနြေ္ဒခမ်း
Powered by Blogger.