Tuesday, September 12, 2017

ပိုလ်;တန်ပန္တကို ဂုဏ်ပြုသောအားဖြင့် တည်ထားလျက်ရှိသော မဟာဝံသ ဗုဒ္ဓဂါယာစေတီအတွက် PNO၊ PNA တို့က မတည်ငွေ သိန်း(၁၀၀)ကျပ် ဒုတိယအကြိမ်ထပ်မံလှူဒါန်း

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်



တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ ကျောက်တလုံးဆည်မြောက်ဘက်၊ ပိုလ်;ပန္တဒုံလီ တောင်ပေါ်တွင် ပိုလ်;တန်ပန္တကို ဂုဏ်ပြုသောအားဖြင့် တည်ထားကိုးကွယ်လျက်ရှိသော မဟာဝံသဗုဒ္ဓဂါယာစေတီပြီးစီးရန်အတွက် ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်၊ တနလာင်္နေ့တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ ကျပ်သိန်း(၅၀)နှင့် PNA အသွင်းပြောင်းပြည်သူ့စစ်(ဌာနေ)- ပအိုဝ်းအမျိုးသားတပ်မတော်(PNA)မှ ကျပ်သိန်း (၅၀) စုစုပေါင်းကျပ်သိန်း(၁၀၀)ကို ပအိုဝ်းအမျိုးသားခေါင်းဆောင်ဖြားတန်စင်ဖါအောင်ခမ်းထီထံသို့ ဒုတိယ အကြိမ်ထပ်မံလှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါ ပအိုဝ်းအမျိုးသားကို ဦးဆောင်ခဲ့သူ ပိုလ်;ပန္တကို ရည်စူး၍ တည်ထားသော စေတီတော်ကို ပအိုဝ်းအမျိုးသားဆောင် ဖြားတန်စင်ဖါအောင်ခမ်းထီဦးဆောင်ကာ ၂၀၁၇ခုနှစ်၊ မေလ(၈)ရက်နေ့တွင် အုတ်မြတ်ချခဲ့ပြီး ဇွန်လ(၁၅)ရက်တွင် စေတီတော်တည်ထားနိုင်ရန်အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဖြားခွန်စံလွင်မှ ကျပ်သိန်း(၅၀)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ ကျပ်သိန်း(၅၀)နှင့် PNA အသွင်းပြောင်းပြည်သူ့စစ်(ဌာနေ)- ပအိုဝ်းအမျိုးသားတပ်မတော်(PNA)မှ ကျပ်သိန်း(၅၀) စုစုပေါင်း ကျပ်သိန်း (၁၅၀)ဖြင့် ပထမအကြိမ် လှူဒါန်းခဲ့ကြောင်းသိရသည်။

ပိုလ်;ပန္တသည် နယ်ချဲအင်္ဂလိပ်ခေတ်တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ လားရှိုး၊ ကျူကုတ်၊ နမ့်စန်၊ ကျေးသီး၊ မန်စန်၊ ကျုံလောဝ်၊ မိုင်းကိုင်၊ ကောင်ဖိုးဖြိန်း၊ စင်းသင်း၊ ကောင်မုံး၊ ကောင်နောက်၊ ထီတခု၊ နောင်ဒေ၊ နမ်းဟူ၊ ထီဖူ၊ ရန်ကင်း၊ မျင်မိုရ်;ခမ်း၊ ထီဖူတန်၊ ဟိုပုံး၊ တောင်တီး(ခေါ်) တောင်ကြီး ဖြတ်သန်းလာပြီး ကျောက်တလုံးကြီးမြို့၊ ပင်တွန်ရွာနှင့် ထီခေါင်ရွာကို တည်ထောင်ခဲ့သူဖြစ်ကြောင်း ရှေးလူကြီးပြောကြားချက်အရ သိရှိရသည်။

နဂါ့ခွန်
Powered by Blogger.