Monday, September 25, 2017

ဆရာဝန်ဆေးထိုးမှားရင် လူတစ်ဦးသာသေဆုံးပြီး ခေါင်းဆောင်ရွေးမှားပါက တစ်မျိုးသားလုံးပျက်စီးနိုင်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုကော်မတီဝင် စောခွန်ကျော်ဝင်း ပြောကြား

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်





အထူးဒေသ (၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ခမ်း၊ နယ်၊ အွိုင် အဖွဲ့သည် ဒေသအုပ်ချုပ်ရေးပိုမိုပီပြင်လာစေရန် ကျောက်တလုံးကြီးမြို့နယ်၊ ဆောင်းဖိုးကျေးရွာအုပ်စု၊ လွယ်သောဝ်ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများကို စက်တင်ဘာလ(၂၅) ရက်နေ့တွင် တွေ့ဆုံခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲတွင် အထူးဒေသ(၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ကန်တော်ကြီးမြို့နယ်၊ အလုပ်အမှုဆောင် ဖြားဆရာပြားက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုကော်မတီဝင် စောခွန်ကျော်ဝင်းက ဆရာဝန်ဆေးထိုးမှားရင် လူတစ်ဦးသာသေဆုံးပြီး ခေါင်းဆောင်ရွေးမှားပါက တစ်မျိုးသားလုံးပျက်စီးနိုင်ကြောင်း ပြည်သူများသည် ခေါင်းဆောင်ကိုသေသေချာချာစီစစ်ရွေးချယ်ပြီး ထိုခေါင်းဆောင်၏စကားကို နားထောင်ရန်လိုအပ်ကြောင်းနှင့် ရှေ့လုပ်ငန်းလုပ်ထုံးလုပ်နည်းမျာကို ပြောကြားခဲ့ပါသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ ဥပဒေရေးရာဌာန ခွန်ဆက်အောင်က အမျိုးသားလုပ်ပိုင်ခွင့်ပိုမိုရရှိရန်၊ လုပ်ပိုင်ခွင့်ရရှိသည့်နေရာဖြစ်သော အစိုးရဌာနအသီးသီးတို့တွင် ပါဝင်ဆောင်ရွက်ကြရန်နှင့် ဌာနချုပ်ရုံးရှိ ဌာနတစ်ခုချင်းစီ၏ လုပ်ဆောင်ချက်များကို အကျယ်တ၀င့်ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ကန်တော်ကြီးမြို့နယ် ၊ အလုပ်အမှုဆောင် ဖြားးဆရာခေါင်က မူးယစ်ဆေးဝါးများကို ရောင်းဝယ်ဖောက်ကား သုံးစွဲမှုများမပြုလုပ်ကြရန်နှင့် ရောင်းဝယ်ဖောက်ကားသုံးစွဲသူများကို သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး ပြည်သူ့ရဲများနှင့် ပူးပေါင်းချိတ်ဆက်အရေးယူမည်ဖြစ်ကြောင်း ပြောကြားခဲ့ကာ (PNA) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးဖြားခွန်မြင့်အောင်က ဒေသခံပြည်သူများအချင်းချင်းစည်းလုံးကြရန်လိုကြောင်းနှင့် ဒေသလုံခြုံရေးအကြောင်းများကို ပြောကြားခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် ဆောင်းဖိုးကျေးရွာအုပ်စု နှင့် နောင်ခဲကျေးရွာအုပ်စု ဒေသခံရပ်မိရပ်ဖ (၁၃၀၀) ကျော်တက်ရောက်ကြောင်းသိရှိရပါသည်။

ခွန်ခမ်းခြွိုင်
Powered by Blogger.