Monday, October 16, 2017

ယုံကြည်မှု နဲ့ မလျှော့သောဇွဲ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်


လောကတွင် စိတ်နဲ့ကင်းတဲ့ အလုပ်မရှိပါ။ ဘာလုပ်လုပ် မိမိစိတ်ကို ယုံကြည်မှုအပြည့်ထားပြီး မလျှော့သောဇွဲနဲ့ ရပ်တန့်မနေဘဲ တစ်လှမ်းချင်းတက်ရင် ရည်ရွယ်ထားတဲ့အမြင့်ဆုံးပန်းတိုင်သို့ ရောက်ရမှာ အသေချာပဲဖြစ်မည်၊ အလုပ်ကိုလုပ်ရာမှာ ကိုယ်စိတ်ကိုအောင်မြင်ရမည်ဟု ယုံကြည်ထားရင်အောင်မြင်ဖို့ ရာခိုင်နှုန်း ပိုများလာပါလိမ်မည်၊ “အောင်မြင်နိုင်ပါ့မလား၊ ဖြစ်ပါ့မလား၊ ရှုံးနှိမ့်သွားမလား” ဆိုတဲ့ အတွေးစိတ်တွေရှိနေသရွေ့ ဘယ်တော့မှ အောင်မြင်လိမ့်မည် မဟုတ်ပါ။ မိမိကိုယ်ကိုယုံကြည်မှု အပြည့်ထားပြီး မလျှော့သောဇွဲနဲ့ အလုပ်လုပ်စေချင်တယ် အလုပ်တစ်ခုကို လုပ်ရာတွင် “ဖြစ်ကိုဖြစ်ရမယ်” ဆိုတဲ့ ယုံကြည်ချက်အပြည့်ဖြင့် ပြီးမြောက်အောင် မဖြစ်မနေ အဆက်မပြတ် လုပ်ကိုင်ခြင်းမှသာ မိမိလိုရာခရီး ရောက်နိင်လိမ့်မယ်၊ အဆက်မပြတ် လုပ်ကိုင်ခြင်းလည်း “စိတ်ဓာတ်ကြံ့ခိုင်ခြင်း” ဖြစ်တယ်၊ တစ်နည်းအားဖြင့် “ဇွဲစိတ်” လည်းခေါ်တယ်၊ လူတစ်ယောက်၏ ဇွဲစိတ်ဟာ ပညာအရည်အချင်း ကျွမ်းကျင်မှုတို့နှင့် လုံးဝမဆိုင်၊ ဇွဲစိတ်ကို တန်ဖိုးလျှော့လို့မရ ဈေးဆစ်လို့မရ အပြည့်ပေးမှရတယ်၊ ဇွဲစိတ်က မည်သူ့ကိုမှ မျက်နှာမလိုက်၊ သူ့ကို ပစ်ပယ်လျှင် သူကဒဏ်ခတ်တယ်၊ သူ့ကိုပေါင်းသင်းလျှင် သူက ဆုချတယ်၊ မည်သူ့ကိုမဆို အောင်မြင်မှုကို ပေးရာတွင် အမြဲတမ်း တူညီသောတန်ဖိုးရှိတဲ့ “ဘဝရတနာ” တစ်ပါးဟု ခေါ်နိုင်လောက်သည်၊ အောင်မြင်မှု၏ တန်ဖိုးက “ဇွဲစိတ်” ပင် ဖြစ်သည်။

မိမိ၏ရည်မှန်းချက်အတိုင်း ဖြစ်ကိုဖြစ်ရမည်ဟု မိမိ၏စိတ်ကို လုံးလုံးချဆုံးဖြတ်မှု၊ မိမိကိုယ်ကို ယုံကြည်မှုတို့နှင့် သာဆိုင်သည်၊ များသောအားဖြင့် အောင်မြင်သူတို့၏ ဘဝကိုလေ့လာ ကြည့်သောအခါတွင်လည်း ပညာအရည်အချင်းနှင့် ကျွမ်းကျင်မှုနည်းသော်လည်း ယုံကြည်မှုထားပီး အားမလျှော့သောဇွဲစိတ်ဖြင့် ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိကြတာကို တွေ့ရတယ်၊ သူတို့၏ ဝိသေသလက္ခဏာမှာ ဆုံးဖြတ်ချက်ခိုင်မာတယ် ကိုယ့်ကို ယုံကြည်မှုအပြည့်ထား အခက်အခဲကို လည်းကျော်လွှားပြီး အဆက်မပြတ် လုပ်တက်သည်၊ ကိုယ်ဖြစ်ချင်သော အလုပ်ကို ရင်ထဲအသည်းထဲတွင် စွဲလမ်းနေရမယ်၊ အစွဲအလမ်းက မိမိ၏မသိစိတ်တွင် အမြစ်တွယ်လာလိမ့်မည် အစွဲအလမ်း ကြီးမားလာလျှင် ယုံကြည်ချက်လည်း ပြင်းပြလာလိမ့်မယ် ပြင်းပြသော ယုံကြည်ချက်ဖြင့် ပန်းတိုင်သို့ ချီတက်လျှင် မုချမသွေရောက်သွားမည်၊ တခါတလေအလုပ်လုပ်တဲ့နေရာမှာ ကြောက်စိတ်ကို မွေးလျှင် တစ်ချိန်တည်းတွင် ယုံကြည်မှု မရှိနိုင်ပါ၊ ယုံကြည်မှုမရှိလျှင် ကြောက်စိတ်ဝင်လာနိုင်တယ် ဒါကြောင့် ကြောက်စိတ်ကို ဖြောင့်ထားမှရမယ်၊ ကြောက်စိတ်က မိမိယုံကြည်မှုကိုပါ ပျောက်သွား စေတက်သည်။

ငှက်တစ်ကောင် အပင်ထိပ်သစ်ကိုင်းထက်မှာ နားနေတဲ့အခါ လေတိုက်လို့ သစ်ကိုင်းလှုပ်ရမ်းတိုင်း ကြောက်ရွံစိတ်မဖြစ်ခဲ့ဘူး ငှက်ရဲ့ယုံကြည်မှုဟာ သစ်ကိုင်းပေါ်ရှိနေသည် မဟုတ်ပါ သူ၏အတောင်ပံများသာ ယုံကြည်မှုရှိနေသည့်အတွက် လေဘယ်လောက်တိုက်တိုက် ငှက်ကကြောက်နေမှာမဟုတ်ပါ၊ အလားတူကျွန်တော်တို့လည်း မိမိကိုယ်ကို ယုံကြည်မှုရှိရန်သာ အရေးကြီးပါကြောင်း ဆန္ဒပြုမိပါသည်၊ ကြီးပွားတိုးတက်အောင်မြင်လိုလျှင် ရည်မှန်းချက် ပန်းတိုင်ကို တိတိကျကျ သတ်မှတ်ပြီး “ဖြစ်ကိုဖြစ်ရမည်” ဟူသော ယုံကြည်ချက်ကို အမြဲတမ်း နှလုံးသွင်းထား၍ ကြောက်စိတ်နှင့် သောကစိတ်ကို ဖယ်ထုတ်ပြီး မလျှော့သောဇွဲနဲ့ဖြင့် ပန်းတိုင်သို့ အရောက် ချီလှမ်းနိုင်ကြပါစေ။

ခွန်သုည
Powered by Blogger.