Thursday, October 19, 2017

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌဖြစ်သည့် ဦးအေးသာအောင် ရှေးဟောင်း မွှေတော်ကက္ကူဘုရားသို့ လာရောက်ဖူးမျှော်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်







၂၀၁၇ ခုနှစ်၊ အောက်တိုဘာ(၁၉)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌဖြစ်သည့် ဦးအေးသာအောင်က ကျောက်တလုံးကြီးမြို့နယ်ရှိ ရှေးဟောင်းမွှေတော်ကက္ကူဘုရားသို့ လာရောက်ဖူးမျှော်ခဲ့ကြောင်း သိရသည်။

ထို့သို့လာရောက်ဖူးမျှော်ရာတွင် ကက္ကူကျေးရွာရှိ ဒေသခံပြည်သူများနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ အသွင်ပြောင်းဌာနေပြည်သူ့စစ်(PNA) ကွပ်ကဲရေးမှူး ဖြားခွန်မြင့်အောင်၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို)မှ ဖြားခွန်ရာမနှင့် တာဝန်ရှိပုဂ္ဂိုလ် များက ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌဖြစ်သည့် ဦးအေးသာအောင်နှင့်အဖွဲ့က ရှေးဟောင်းမွှေတော်ကက္ကူဘုရားများကို လှည့်လည်ကြည့်ရှုဖူးမျှော်ပြီး ဧည့်သည်တော်မှတ်တမ်းကိုလည်း ရေးထိုးခဲ့ကြောင်း သိရသည်။

ထို့နောက် လှိုင်ကွန်းစားသောက်ဆိုင်တွင် နေ့လည်စာသုံးဆောင်ကာ ရှေးဟောင်းမွှေတော်ကက္ကူ ဘုရားဂေါပကအဖွဲ့သို့ ဘုရားစေတီအတွက် ဘက်စုံသုံးနိုင်ရန် အလှူငွေများပေးအပ်ပြီး ဂေါပကအဖွဲ့မှလည်း အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။


ခွန်ရာဇာဓိပတိ
Powered by Blogger.