Friday, October 13, 2017

ရှေး​ဟောင်းသမိုင်းဝင်​ ထမ်းဘုရားပွဲ​တော်​ အထိမ်းအမှတ်​ ​ဘောလုံးပွဲပြုလုပ်​ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်





အထူး​ဒေသ၆ ​တောင်​ကြီးမြို့နယ်​ ​နောင်​ကား​ကျေးရွာအုပ်​စု ​ရှေး​ဟောင်းသမိုင်းဝင်​ ဗုဒ္ဓပူဇနိယ ထမ်းဘုရားပွဲတော်​အထိမ်းအမှတ်​သဘာဝလိုဏ်​ဂူ ထမ်းဘုရားဖလား ​၁၈ ကြိမ်​​မြောက်​ ​နောက်​ဆုံးဗိုလ်​လုပွဲကို ၂၀၁၇ ခုနှစ်​၊ ​အောတိုဘာလ ၁၃ရက်​​နေ့ည​နေခင်း ၃နာရီအချိန်​တွင်​ ပြုလုပ်​ကျင်းပခဲ့သည်​။

အဆိုပါ သဘာဝလိုဏ်​ဂူထမ်းဘုရားဖလား ​ဘောလုံးပြိုင်​ပွဲတွင်​ ​ဒေသ​ပေါင်းစုံ ​ဘောလုံးဝါသနာရှင်​များမှ အသင်း​ပေါင်း ၂၄ သင်းပါဝင်​ယှဉ်​ပြိုင်​လျက်​ရှိပြီး ​နောက်​ဆုံးဗိုလ်​လုပွဲအဖြစ်​ ကန်​​တောတန်​အသင်းနှင့်​ တနွိုင်​​ရေး​အသင်းတို့ ယှဉ်​ပြိုင်​ကစားရာ တနွိုင်​​ရေးအသင်းကပင်​နယ်​တီ အဆုံးအဖြတ်​နှင့်​ ၃-၂ ​ဂိုးဖြင့်​အနိုင်​ရရှိပါသည်​။

ပထမဆုရအသင်းကို ​ငွေကျပ်​ ၃သိန်းခွဲ၊ ဒုတိယဆုရအသင်းကို ​ငွေကျပ်​၃သိန်းစီနှင့်​ ပွဲစဉ်​တ​လျှောက်​လုံး အ​ကောင်းဆုံးဆုရသူများကိုလည်း ပွဲဖြစ်​​မြောက်​​ရေး​ကော်​မတီ တာဝန်​ရှိသူများက ဆုချီးမြှင့်​​ပေးခဲ့ပါသည်​။
သဘာဝလိုဏ်ဂူ ထမ်း​ဘုရား ဗုဒ္ဓပူဇနိယပွဲကို​တော့ နှစ်​စဉ်​နှစ်​တိုင်း ကျင်းပလာတာနှစ်​​ပေါင်းကြာပြီ ဘုရားပွဲကိုဆက်​လက်​ကျင်းပနိုင်​​ရေး၊ လူငယ်​​ဘောလုံးဝါသနာရှင်​များ​ပေါ်ထွက်​လာ​ရေး၊ လူငယ်​များမူးယစ်​​ဆေးဝါးသုံးစွဲမှုပ​ပျောက်​ရေး၊ ​ဒေသဖွံ့ဖြိုးတိုးတက်​​ရေး၊ ​ဒေသတည်​ငြိမ်​​အေးချမ်း​ရေး စသည့်​ရည်​ရွယ်​ချက်​ဖြင့်​ ​ဘောလုံးပွဲပါ ကျင်းပပြုလုပ်​​ပေးသည်​မှာ ၁၈ကြိမ်​​မြောက်​ ​ရောက်​လာပြီဖြစ်​ပါတယ်​။ ​ဘောလုံးပွဲ ​အောင်​မြင်​စွာဖြစ်​​မြောက်​​ရေးအတွက်​ နှစ်​စဉ်​လိုလို ဆု​ငွေများကို ထမ်းဘုရား​ကျောင်းတကာထည့်​ဝင်​​ငွေနှင့် ​ဒေသ​ပေါင်းစုံက အလှူရှင်​များ၊ အသင်းဝင်​​ကြေးတို့ဖြင့်​ ကိုယ့်အားကိုယ်​ကိုးစနစ်​နှင့်​ပဲ ပြုလုပ်​ဖြစ်​တယ်​။ အားကစားကွင်းမြှင့်​တင်​​ရေး၊ ဘက်​​ပေါင်းစုံအားကစားကွင်းဖြစ်​ဖို့အတွက်​ ကြိုးစားရအုံးမည်​ဖြစ်​ပြီး သက်​ဆိုင်​ရာအားကစားဝန်​ကြီးအ​နေဖြင့်​လည်း ကျွန်​​တော်​တို့ကို အကူအညီ​ပေးဖို့ အကြံပြုလိုပါတယ်​ဟု ပွဲဖြစ်​​မြောက်​​ရေး​ကော်​မတီ ဥက္ကဋ္ဌ ဖြားစင်​ဖာလွန်း ​ပြောပြချက်​အရ သိရှိရပါသည်​။

၎င်း​ဘောလုံးပြိုင်​ပွဲသည်​ နှစ်​စဉ်​ ​အောက်​တိုဘာလ ၈ ရက်​​နေ့မှ ​အောက်​တိုဘာလ ၁၃ ရက်​​နေ့အထိ ပြုလုပ်​ကျင်းပလျက်​ရှိ​ကြောင်း သတင်းရရှိသည်​။

အောင်​ထွိုက်​​ဗွေ
Powered by Blogger.