Friday, October 13, 2017

Piti Teacher Network နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်​(P.N.O)တို့ ပူး​ပေါင်း၍ ​​လူငယ်များအတွက် ​​Personal Development သင်​တန်းဖွင့်​လှစ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၁၃) ၇က်






Piti Teacher Network နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်​(P.N.O)တို့ ပူး​ပေါင်း၍  ​​လူငယ်များအတွက် ​​Personal Development Trainingကို ယ​နေ့(13.10.2017) နံနက် ၉း၀၀နာရီမှ ည​နေ ၄း၀၀နာရီထိ  ​ပအိုဝ်းအမျိုးသားးအဖွဲ့ချုပ် ​(P.N.O)၊ ဗဟိုဌာနချုပ်ရုံး၌ ဖွင့်​လှစ်​ခဲ့ပါသည်​။

အနာဂတ်​​ခေါင်း​​ဆောင် ​လူငယ်​များအတွက်​ မိမိကိုယ်​ကို ယုံကြည်​မှုတိုးတက်​​စေရန်​နှင့်​ လုပ်​ငန်းခွင်​အတွက်​ များစွာအ​ထောက်​အကူပြု​စေရန်​ ရည်​ရွယ်​၍ အခမဲ့တစ်​ရက်​တာသင်​တန်းကို ဖွင့်​လှစ်​ခဲ့ပါသည်​။

ထိုသင်​တန်းတွင်​ Piti Teacher Network ဥက္ကဌ ဆရာခွန်​ကြည်​မှ တိုက်တွန်းအား​ပေး​​အမှာစကား ​ပြောကြားခဲ့ပြီး Interviewing Skills,  Advocacy, Presentation Skills, Team Building, Mentoring နှင့်​ Effective Communications Skills ​ခေါင်းစဉ်​များဖြင့်​ သင်​တန်းဆရာမနန်းစုစုခင်​၊ ဆရာမနန်း​ရွှေခိုင်​ နှင့်​ ဆရာမနန်းစိုးမိုးစံတို့မှ သင်​ကြား​ဆွေး​နွေးပို့ချ​ပေးခဲ့ကာ သင်​တန်းသူ/သား (၃၇)ဦး တက်​​ရောက်ခဲ့​ကြောင်းသိရပါသည်​။

နင်​,ခမ်း​ကောင်​၊ခွန်​ဖြားဗွာခမ်း
Powered by Blogger.