Wednesday, November 8, 2017

ငွေစု၊ ငွေချေးလုပ်ငန်းများ အထောက်အကူပြု လက်စွဲစာအုပ် အသုံးပြုနည်းသင်တန်းပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်



၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်၊ နံနက်(၉း၀၀)နာရီအချိန်မှစ၍ နိုဝင်ဘာလ(၁၀)ရက်နေ့အထိ ပအိုဝ်းမျိုးသားအဖွဲ့ချုပ်ရုံး(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် MEDAမှ ဦးဆောင်ပြီး ငွေစု၊ ငွေချေးလက်စွဲစာအုပ်အသုံးပြုနည်းသင်တန်းကို ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါသင်တန်း၏ ရည်ရွယ်ချက်မှာ ပါရမီနှင့် မေတ္တာဖေါင်ဒေးရှင်းရှိ ၀န်ထမ်းများအား ငွေစု၊ ငွေချေးဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စွမ်းရည်တည်ဆောက်ခြင်း ဖြစ်ကြောင်းသိရှိရပါသည်။

ထိုသင်တန်းကို ဦးအံ့ကြီး(MEDA Myanmar)မှ သင်ကြားပေးပြီး ၎င်းသင်တန်းကို မေတ္တာဖောင်ဒေးရှင်းမှ ၀န်ထမ်း(၁၀)ဦးနှင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက်မှ ၀န်ထမ်း (၈)ဦးတက်ရောက်ပြီး ထိုသင်တန်းကို (၃)ရက်တိုင်တိုင် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နန်းတဆံထီ
Powered by Blogger.