Friday, November 24, 2017

မူးယစ်ဆေးဝါးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအကြောင်းသိကောင်းစရာ ဟောပြောပွဲကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်








၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလလ (၂၄) ရက်နေ့၊ ကျောက်တလုံးကြီးမြို့ ၊ အခြေခံပညာအထက်တန်းကျောင်းတွင် အနါဂတ်လူငယ်များလမ်းမှားမရောက်ရန်နှင့် ယာဉ်စည်းကမ်းလမ်းစည်းအကြောင်းကို နားလည်သဘောပေါက်လာစေရန်အတွက် ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန| နယ်မြေရဲစခန်းနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုဌာနချုပ်ရုံးတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးနှင့် ယာဉ်စည်းကမ်း လမ်းစည်းအကြောင်းကိုအကြောင်းသိကောင်းစရာ ဟောပြောပွဲတစ်ရပ်ကို ကျင်းပခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲကို နံနက် ၉း၀၀ အချိန်တွင်စတင်ကျင်းပခဲ့ပြီး ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးစောချမ်းမှ အဖွင့်အမှာစကားပြောကြားရာ
ယနေ့ကျင်းပပြုလုပ်တဲ့ ဟောပြောပွဲသည် အနာဂတ်ခေါင်းဆောင်ကောင်းများဖြစ်သည့် သားရတနာ သမီးရတနာများအတွက် လမ်းမှားမရောက်စေရန်နှင့် နိုင်ငံကြီးသားပီသစွာဖြင့် ယာဉ်စည်းကမ်းလမ်းစည်းအကြောင်းကို သိရှိနားလည်ပြီး ယာဉ်အန္တရာယ်များမဖြစ်ပွားစေရန်အတွက်ရည်ရွယ်၍ ပြုလုပ်ရခြင်းကြောင်း ပြောကြားသွားခဲ့ပါသည်။

ထို့နောက် ကျောက်တလုံးကြီးမြို့ နယ်မြေရဲစခန်းမှ စခန်းမှူးအောင်မျိုးလွင်မှ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာသည့်ဆိုးကျိုးများ ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း မော်တော်ယာဉ်များ မဆင်မခြင်မောင်းနှင်ခြင်းကြောင့် အသက်အန္တရာယ်ထိခိုက် ဆုံးရှုံးမှုများ ပြစ်မှုပြစ်ဒဏ်များကို အသေးစိပ်ဟောပြောပေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသားကျောင်းသူများလည်း စိတ်ပါဝင်စားစွာ တက်ရောက်နားထောင်ခဲ့ကြောင်း၊ အဆိုပါ ဟောပြောပွဲမျိုးကို အစိုးရဌာနဆိုင်ရာနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးတို့ပူးပေါင်းကာ ပင်တွန်ကျေးရွာအုပ်စုနှင့် နောင်ခဲကျေးရွာအုပ်စုတို့တွင် ကျင်းပပြီးစီးခဲ့ပြီးဖြစ်ကြောင်းနှင့် ကျောက်တလုံးကြီးမြို့နယ်အတွင်းရှိ အခြားကျေးရွာအုပ်စုများနှင့် အခြေခံပညာအထက်တန်းကျောင်းများတွင် ဆက်လက်ပြုလုပ်ရန်အစီအစဉ်ရှိပါကြောင်း သတင်းရရှိပါသည်။

ခွန်ယွေးယဲင် ခမ်းစန္တာ;ဟေ့,
Powered by Blogger.