တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်
တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် DIPD အဖွဲ့မှ (PNO) ပါတီအမျိုးသမီးအဖွဲ့အား အမျိုးသမီးနှင့်ဆိုင်သော အကြောင်းအရာများ ဆွေးနွေးပွဲကို ဆရာမဒေါ်ခင်မမမျိုးက ဦးဆောင်ပြီး နိုဝင်ဘာလ (၁၆)ရက်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
ဆွေးနွေးပွဲတွင် အမျိုးသမီးများသည် နိုင်ငံရေးပါတီတွင် အဘယ်ကြောင့်ပါဝင်ရသည်ကို အကျယ်တ၀င့်ဆွေးနွေးခဲ့ပြီး ပါတီအမျိုးသမီးအဖွဲ့များ၏ ရှေ့လုပ်ငန်းစဉ်များကို ရေးဆွဲခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါဆွေးနွေးပွဲတွင် (PNO) ပါတီအမျိုးသမီးအဖွဲ့မှ ကိုယ်စားလှယ်(၂၀)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။
နန်းအိနြေ္ဒခမ်း
Like On Facebook
Follow On Twitter
Subscribe On RSS