တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့၊ နံနက် (၉း၃၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ အမျိုးသမီးအသင်း (Women Club)၊ လူငယ်များအသင်း (Youth Club)၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) များဖွဲ့စည်းခြင်း လုပ်ငန်းညှိနိုင်း အစည်းအဝေးပြုလုပ်ကြောင်းသိရှိရပါသည်။
အဆိုပါအစည်းအဝေးတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ကြောင်းသိရှိခဲ့ရပါသည်။ အစည်းအဝေးပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ အမျိုးသမီးဘ၀ဖွံဖြိုးတိုးတက်ဖို့၊ အမျိုးသမီးပညာရေးယခုထက်ပိုပြီးသိရှိစေရန်နှင့် အတတ်ပညာများကိုပါ သိရှိစေရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ထို့နောက် တက်ရောက်လာကြသော ဧည့်သည်တော်များနှင့် မိတ်ဆက်စကားပြောကြာပြီး Women Club, Youth Club, Book Club များ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ တက်ရောက်လာကြသူများ ဆွေးနွေးခြင်း လုပ်ငန်းဆိုင်ရာ ဖွဲစည်းမှုများညှိုနိုင်းဆောင်ရွက်ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။
ထိုအစည်းအဝေးပွဲသို့ ရှမ်းပြည်နယ် ဌာနဆိုင်ရာနှင့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ(၂၃) ဦးက တက်ရောက်ခဲ့ကြောင်းသိရှိခဲ့ပါသည်။
ခွန်ယံသေ
Like On Facebook
Follow On Twitter
Subscribe On RSS