Monday, December 11, 2017

လွယ်မန်းကျေးရွာတွင် အမက မူလွန်ကျောင်းဝန်ထမ်းများ အိမ်ရာဆောက်လုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်






ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဘန်းဖြွီးကျေးရွာအုပ်စု လွယ်မန့်ကျေးရွာတွင် အမက မူလွန်ကျောင်းဆရာ၊ ဆရာမ ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာကို ဆောက်လုပ်ပေးလျှက်ရှိကြောင်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် သိရှိရပါသည်။ အဆိုပါ ဝန်ထမ်းအိမ်ရာကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀၁၇-၂၀၁၈ ဘတ်ဂျက်ဖြင့် ဆောက်လုပ်ပေးပြီး ပေ၃၀ပတ်လည် အမြင့်ပေ ၁၂ ပေ အခန်းပေါင်း ၈ ခန်းဖြင့် ဖြူစင် ရှင်းသန့်ကုမ္ပဏီမှ ကိုနေမင်းထွန်းတို့ ပန်းရံအဖွဲ့က တာဝန်ယူ ဆောက်လုပ်ပေးလျှက်ရှိကြောင်း သိရှိရသည်။

လက်ရှိကျောင်းဆရာမက ၈ ယောက် ကျောင်းသား၊ ကျောင်းသူကတော့ ၁၂၇ ယောက်ရှိပါတယ် ကျောင်းဆရာမတွေအတွက် နေစရာဆိုလို့ အရင်က ရွာသားတွေ သူ့နည်းသူ့ဟန်နဲ့ ဆောက်လုပ်ပေးတာ ၇လုံးရှိတယ် အားလုံးကတော့ တိုက်လေးနဲ့နေချင်ကြတာပေါ့ ဒါပေမဲ့ မလုံလောက်သေးဘူး ကျောင်းဆရာ၊ ဆရာမ ဝန်ထမ်းတွေ တိုက်အိမ်ရာ လုံလုံလောက်ဖြစ်သွားအောင် ရွာကလည်းညီညွတ်ဖို့လိုတယ် ကျောင်းကော်မတီတွေလည်းလိုတာပေါ့ ကျောင်းဆောင်ကတော့ ထိုက်သင့်သလောက် ပြည့်စုံနေပါပြီ အလက ခွဲ ဖြစ်သွားအောင် အဖက်ဖက်ကပြည့်စုံလာအောင် ဆရာမတို့လည်း သက်ဆိုင်ရာကို ဆက်လက်တင်ပြမယ် ရွာသားတွေအနေနဲ့လည်း ဝိုင်းပြီးကြိုးစားကြရမယ် ဒါမှဖြည်းဖြည်းခြင်း အောင်မြင်လာမည်ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်လှိုင်ရီရီထွန်း ပြောကြားချက်အရ သိရှိရပါသည်။

ထိုဝန်ထမ်းအိမ်ရာကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က စတင်ဆောက်လုပ်ပြီး ဇန်နဝါရီလဆန်းပိုင်းလောက် ပြီးမယ်လို့ ခန့်မှန်းထားကြောင်း ကိုနေမင်းထွန်း ပြောပြချက်အရ သိရှိရပါသည်။

ခွန်အောင်ထွန်းဗွေ
























Powered by Blogger.