Saturday, December 9, 2017

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဘန်းဖြီးကျေးရွာအုပ်စုတွင် မြေသားလမ်းသစ်ဖောက်လုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်




‌ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ ၂၀၁၇-ခုနှစ်၊ နိုဝင်ဘာလ (၁၈)ရက်နေ့မှစ၍ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဘန့်ဖြွီးကျေးရွာအုပ်စု ထီဗွာကျေးရွာ၊ ထီတယမ်းကျေးရွာ၊ စောစားကျေးရွာမှ နောင်တဗင်ကျေးရွာအထိ ၈မိုင်ရှိမြေသားလမ်းကို ၂၀၁၇ - ၂၀၁၈ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရှမ်းပြည်နယ်ရံပုံငွေဖြင့် လမ်းအကျယ်ပေ၄၀ခန့်ကို ဖောက်လုပ်လျှက်ရှိကြောင်း သိရှိရပါသည်။

အဆိုပါလမ်းသစ်ဖောက်လုပ်ရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ကတာဝန်ယူ ဆောင်ရွက်ပေးပြီး၊ အထူးဒေသ၆ PNO ထီတယမ်းကျေးရွာအုပ်စု ဒုဥက္ကဌ ဖြားခွန်ထန်းဆွေ ကောင်ရွဉ်ကျေးရွာအုပ်စု တာဝန်ခံ ဖြားဆရာအော်တို့ကတာဝန်ယူကြီးကြပ်၍ ဘက်ဟိုးဆရာ ခွန်သူရိန်က မောင်းနှင်းပေလျက်ရှိကြောင်း သိရှိရသည်။ ‌၎င်းမြေသားလမ်းသစ် ဖောက်လုပ်ရခြင်းနှင့် ပတ်သက်၍ ဒေသဖွံ့ဖြိုးတိုးတက်ရန် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရန် ရွာချင်းဆက်လမ်းများ တိုးပွားလာစေရန် ရည်ရွယ်၍ ဖောက်လုပ်ပေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။

‌အထူးဒေသ၆ အတွင်း ဖောက်လုပ်ပေးလျှက်ရှိသော မြေသားလမ်းဖြစ်စေ ကျောက်ချောလမ်းဖြစ်စေ ကတ္တရာလမ်းဖြစ်စေ အစဉ်ထာဝရ တည်ရှိနေနိုင်အောင် နှစ်စဉ်နှစ်တိုင်း ဒေသခံမိဘပြည်သူများက ပြုပြင်ထိန်းသိမ်းသွားကြရမည်ဖြစ်ကြောင်း၊ အစိုးရဆောက်လုပ်ပေးသည့်လမ်းသည် တို့ရွာသားများ ကြည့်ရှုစောင့်ရှောက်ရန် မလိုအပ်ဟုမယူဆစေလိုကြောင်း ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ဆီဆိုင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်မောင်ပယ် ပြောကြားချက်အရ သိရှိရပါသည်။

ခွန်အောင်ထွိုက်ဗွေ












Powered by Blogger.