Sunday, January 21, 2018

ဆောင်းဖိုး- ပညာရေးမြှင့်တင်မှု အထောက်အကူပြုဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်သို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ တက်ရောက် အမှာစကားပြောကြား

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၂၁) ရက်






၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ (၂၁)ရက်၊ နံနက် ( ၉)နာရီအချိန် တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်(ခွဲ)၊ ဆောင်းဖို့ကျေးရွာတွင် ပညာရေးမြှင့်တင်မှု အထောက်အကူပြုဘွဲ့ရကျောင်းသား/သူများ၊ (၁၀)တန်းအောင်ကျောင်းသား/သူများဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော် ဖြားခွန်သိန်းဖေက တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ အခမ်းအနားတွင် ပအိုဝ်းအမျိုးသားလွတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေမှ အားပေးစကားပြောကြားရာတွင် တိုင်းပြည်တစ်ပြည်ဖြစ်စေ လူမျိုးတစ်မျိုးဖြစ်စေ ဒေသတစ်ခုဖြစ်စေ ဖွံဖြိုးတိုးတက်အောင် တည်ဆောက်လိုပါက ပညာရေးသည် အရေးကြီးသည့်အခန်းကဏ္ဍတွင် ရှိနေကြောင်း၊ မိမိတို့ နိုင်ငံက ပညာရေးရေးအခန်းကဏ္ဍမှာ များစွာနောက်ကျနေလျက်ရှိနေသေးကြောင်း၊ ထို့ကြောင့် လက်ရှိ နိုင်ငံတော်အစိုးရနှင့် မိမိတို့ လွှတ်တော်အနေနှင့်လည်း ပညာရေးအခန်းကဏ္ဍကို ဘက်စုံဖွံဖြိုးတိုးတက်အောင် အင်တိုက်အားတိုက်ဆောင်ရွက်ပေးနေသည့် အချိန်ပင် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ သက်ဆိုင်ရာပညာရေးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ကျောင်းသား/သူမိဘများနှင့် ကာယကံရှင် ကျောင်းသား/သူများကလည်း ပညာရေးအခန်းကဏ္ဍများတွင် ဒီထက်မက တိုးတက်အောင် ဝိုင်းဝန်းကြိုးစားပေးစေလိုကြောင်း။ ပညာတတ်နည်းလျှင် အလုပ်လုပ်ရာတွင် လိုရာမရောက်ကြောင်း၊ ယခု ဆောင်းဖိုးကျေးရွာတွင် အထက်တန်းကျောင်းခွဲရှိပြီဖြစ်ပြီး ကျောင်းသား/သူများ များစွာရှိရန်လိုကြောင်း၊ ကျောင်းသား/သူများ အရည်အသွေးပိုမိုတိုးတက်လာရန် အဓိကမှာ ဆရာ၊ မိဘနှင့် ကျောင်းသား/သူများပင်ဖြစ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် ဘွဲ့ရပညာတတ်ဖြစ်အောင်ကြိုးစားပြီး နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားဖြစ်သော အစိုးရဌာနပေါင်းစုံတွင် မိမိစိတ်ပါဝင်စားရာဌာနတို့၌ ပါဝင်လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း၊ အစိုးရဌာနဆိုင်ရာတို့တွင် ပါဝင်လုပ်ဆောင်မှ နိုင်ငံတော်အုပ်ချုပ်ရေးစနစ်ကိုသိရှိနားလည်လာမည်ဖြစ်ကြောင်း ၊ ဒီနေ့ကျင်းပတဲ့ အခမ်းအနားသည် ပညာရေးကဏ္ဍကိုမြှင့်တင်တဲ့ အခမ်းအနား၊ ပညာတတ်လူငယ်တွေကို ပြုစုပျိုးထောင်တဲ့အခမ်းအနားဖြစ်သည့်အတွက်ကြောင့် ဤအခမ်းအနားကို ကျင်းပပေးသော ဆရာတော်နှင့်တကွ သက်ဆိုင်သူများအားလုံးကို အထူးကျေးဇူးတင်ပါကြောင်း အားပေးအမှာစကား ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ ဆောင်းဖိုးပညာရေးမြှင့်တင်မှု ဦးစီးဆရာတော် အရှင်ခေမိသရ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြားတန်ခွန်သိန်းဖေ၊ တောင်ကြီးမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဦးမြင့်အောင်၊ ကျောက်တလုံးကြီးမြို့ မီးတပ်တပ်ဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်၊ ဆောင်းဖိုးအထက်တန်းကျောင်း (ခွဲ)၊ ကျောင်းအုပ်ဆရာကြီး ဦးအောင်သန်း နှင့် ဆရာ/မ များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။


နန်းတဆံထီ

Powered by Blogger.