တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၉)ရက်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲ လုံးပိုးကျေးရွာအုပ်စု၊ လွယ်တောင်ကျေးရွာမှ ပေါအင် ကျေးရွာအုပ်စု၊ ကောင်ဝေင်-ကပ္ပဒိန်-ငှက်ပျောပင်ကျေးရွာအထိ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဘိန်းအစားထိုးဖွံဖြိုး (Pilot) ပရောဂျက်ဖြင့် ဆောင်ရွက်နေသော ပေ(၂၀)အကျယ်ရှိ မြေသားလမ်း(၇)မိုင် အခြေအနေများအား ဒီကနေ့ ကြာသပတေးနေ့၊ နံနက် (၈း၃၀)မိနစ် အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်၊ ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြားခွန်မောင်သောင်း၊ ပင်လောင်းမြို့နယ် မဲဆန္ဒနယ်(၁)၊(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်လှဆန်းနှင့် ခွန်စောမောင်၊ ပင်လောင်မြို့နယ်မှ တာဝန်ရှိပုဂ္ဂိုလ်များက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
နန်းအိနြေ္ဒခမ်း
Like On Facebook
Follow On Twitter
Subscribe On RSS