Thursday, January 25, 2018

ညောင်ရွှေမြို့နယ်၊ နာနွဲးဒေသ(အွိုင်းနာနွဲး) ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ (၈)လပတ် အစည်းအဝေးနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) တာဝန်ရှိပုဂ္ဂိုလ်များအား တွေ့ဆုံပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၂၅) ရက်



၂၀၁၈၊ ဇန်န၀ါရီ(၂၅)ရက်နေ့၊ ညောင်ရွှေမြို့နယ်၊ နာနွဲးဒေသ(အွိုင်းနာနွဲး) ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (၈)လတ်ပတ်အစည်းအဝေးနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ တာဝန်ရှိပုဂ္ဂိုလ်များအား တွေ့ဆုံခြင်းအခမ်းအနားကို  ညောင်ရွှေမြို့နယ်၊ လောကချမ်းသာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးမစတင်မှီ အစည်းအဝေးသို့ ကြွရောက်လာသည့် ဧည့်ပရိသတ်များက နာနွဲးကျောင်းဆရာတော် ထံ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလခံယူပြီး ဆရာတော်မှ သြ၀ါဒစကား မြွှက်ကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုကော်မတီဝင် ခွန်ဆောင်းရွှေမှ ပအိုဝ်းအမျိုးသားများအနေဖြင့် အစဉ်အဆက် ဆရာ-ဒကာ လက်တွဲကာ စာပေရေးရာစသည့် ကိစ္စရပ်များကို ဆောင်ရွက်လာခဲ့ကြောင်း၊ ဦးစီးဦးဆောင်သူများ၏ နောက်သို့ စဉ်ဆက်မပြတ် လုပ်ဆောင်ပေးဖို့ လိုပါကြောင်း၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)၊ ဗဟိုအနေဖြင့် မူဝါဒပိုင်းဆိုင်ရာများနှင့်အမျိုးသားလုပ်ငန်းများကို ဦးစီးဦးဆောင်ပြုသော်လည်း ပြည်သူများပါဝင်ပါမှ လုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒေသခံပြည်သူ များက ပါဝင်လုပ်ဆောင်မှသာ အောင်မြင်နိုင်မှာဖြစ်ကြောင်း၊ စာပေကဏ္ဍ၊ နိုင်ငံရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ စသည့် ဆိုင်ရာဆိုင်ရာ ကဏ္ဍအသီးသီးတွင် ညီညီညွတ်ညွတ် ကြိုးစားလုပ်ဆောင်မှသာ လိုချင်သည့်ပန်းတိုင်ကို ရရှိမှာဖြစ်ကြောင်း၊ ပအိုဝ်းနိုင်ငံရေးသည် တည်ဆောက်ရေးပင်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် ၀ိုင်းဝန်း လုပ်ဆောင်တည်ဆောက်ပါမှ အောင်မြင်နိုင်မှာဖြစ်ကြောင်း စသည့် အမှာစကားများကို ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် နာနွဲးဒေသ(အွိုင်းနာနွဲး) ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ (၈)လပတ်အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ေ ညာင်ရွှေမြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဦးစီးဦးဆောင်ကာ ယခုနှစ် တပေါင်းလပြည့်နေ့တွင် ကျရောက်မည့် ပအိုဝ်းအမျိုးသားနေ့ပွဲတော်ကို  ညောင်ရွှေမြို့ရှိ ကျောက်တိုင်ကွင်းတွင် ပထမဆုံးအကြိမ် ကျင်းပသွားမည်ဟု သိရသည်။

ခွန်ရာဇာဓိပတိ

Powered by Blogger.