Friday, February 16, 2018

ပါရမီဖွံဖြိုးရေးကွန်ယက်နှင့် ပုဂ္ဂလိကသင်တန်းကျောင်းအဖွဲ့အစည်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ကွန်ပျူတာ နှင့် အင်္ဂလိပ်သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်






LIFT အဖွဲ့၏ ပံ့ပိုးမှုဖြင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက်နှင့် ပုဂ္ဂလိက သင်တန်းကျောင်းအဖွဲ့အစည်းတို့ ပူးပေါင်း၍ ခိုင်ခံ့သောအုပ်ချုပ်မှုနှင့် ပူးပေါင်းလုပ်ဆောင်မှုများဖြင့် လုပ်သားရွေ့ပြောင်းသွားလာမှု၏ အကျိုးဆက်များကို တိုးမြှင့်အောင်ပြုလုပ်ခြင်း(တွဲလက်) စီမံကိန်း၏ ကျွမ်းကျင်မှုဆိုင်ရာ(၃)လတာ ကွန်ပျူတာနှင့် အင်္ဂလိပ် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက် နံနက်(၉း၃၀) KJG သင်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပါရမီဖွံ့ရေးကွန်ယက်အဖွဲ့ဥက္ကဌ ဖြားခွန်အောင်ခင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူး(၃) ဖြားခွန်တင်ထွဋ်က အမှာစကားပြောကြားရာတွင် သင်တန်းဆင်းပြီး မိမိတတ်ထားသောပညာဖြင့် မိမိလူမျိုး၊ မိမိဒေသအတွက် စွမ်းစွမ်းတမံ ပြန်လည်အသုံးချသင့်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ပါရမီဖွံ့ရေးကွန်ယက် နာယက ဖြားဦးအုန်းငွေက ပညာသည် အဓိကအရေးကြီးဆုံးဖြစ်ကြောင်း၊ မိမိတတ်ထားသောပညာဖြင့် မိမိလူမျိုးရေးကိစ္စ၊ အမျိုးသားရေးကိစ္စများကို တက်နှိင်သမျှ ကူညီဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့ပြီး၊ ဖြားခွန်မြမောင်ကလည်းအမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ ဒု ဥက္ကဌ ဖြားခွန်မောင်ဘော်က အမှာစကားပြောကြားရာ ဒီ် (၃)လတာသင်တန်းသည်အခြေခံဖြစ်ပြီး ကျွမ်းကျင်အောင်ဆက်လက်လေ့လာသင့်ကြောင်း ပြောကြားခဲ့ပြီး၊ (GIC )မန်နေဂျာ ဖြားခွန်မောင်ငွေက ကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ်သင်တန်းသည် ဟော်တယ်နှင့် ခရီးသွားလုပ်ငန်းတွင် အသုံးတဲ့ပြီး လေးလေးနက်နက်ထိထိမိမိ တတ်ကျွုမ်းအောင်လေ့လာသင့်ကြောင်း ပြောကြားခဲ့ပြီး၊ ပါရမီဖွံဖြိုးရေးကွန်ယက်အဖွဲ့ အတွင်းရေးမှူး ခွန်ချစ်ဦးက အမှာစကားပြောကြားခဲ့ပါသည်။
KJG သင်တန်းကျောင်း သင်တန်းဆရာ ဆရာခွန်ကြည်က အမှာစကားပြောကြားရာ ပညာရေးဆိုတာ အဆုံးမရှိကြောင်း၊ မိမိတတ်ကျွမ်းထားသည်နှင့် အဆုံးမသတ်သင့်ကြောင်း၊ မိမိတတ်ထားတွေကို ပြန်လည်လေ့လာသင့်ကြောင်း ပြောကြားခဲ့ပြီး၊ ကွန်ပျူတာဆရာ ဦးသီဟထွဋ်က  သင်ကြားထားသည့် ပညာများကို အမြဲတမ်းပြန်လည်လေ့လာသင့်ကြောင်း၊ ဆက်လက်ပြီး ကြိုးစားကြပါဟု ပြောကြားခဲ့ပြီး၊ KJG သင်းတန်းကျောင်း သင်းတန်းဆရာ ဆရာခွန်ကြည် နှင့် ကွန်ပျူတာဆရာ ဦးသီဟထွဋ်တို့က သင်တန်းသူ/သားများကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုနောက် သင်တန်းသား ခွန်အောင်မိုး နှင့် သင်တန်းသူ နန်းမြစိမ်းတင် တိှု့က သင်တန်းမှရရှိသော အကျိုးကျေးဇူးများ နှင့် ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပါရမီဖွံ့ဖြိုးရေးကွန်ယက်မှ ခွန်လန်းဖြူက အလုပ်အကိုင်ရရှိရေးနှင့်  ကိုယ်ပိုင်အလုပ်အကိုင်များစတင်နိုင်ရန် လက်တွေ့ ကျသော ကျွမ်းကျုင်မှုအတက်ပညာများကို  တတ်ကျွမ်းအောင်စသောရည်ရွယ်ချက်များနှင့် ကျေးဇူးတင် စကားများပြောကြားခဲ့ကြောင်းသိရသည်။အဆိုပါ သင်တန်းတွင် သင်တန်းသား/သူ (၃၀)ဦးရှိပြီး ၊ သင်တန်းဆရာ/ဆရာမ (၅)ဦး ဖြင့် သင်ကြားပေးခဲ့ကြောင်း သိရှိရပါသည်။

ထိုသင်တန်းဆင်းပွဲ အခမ်းအနားသို့ ပါရမီဖွံ့ဖြိုးရေးကွန်ယက်မှ တာဝန်ရှိပုဂ္ဂိုလ်များ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသူ/သင်တန်းသားများ (၆၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရပါသည်။

ခွန်ယံသေ


Powered by Blogger.