ဖြူစင်နှလုံးသားသွေးလှူရှင်အသင်းသည် ရေရှားပါးသည့် ၎င်းကျေးရွာကို မြို့ပေါ်ရှိအလှူရှင် အသီးသီးက စုပေါင်းလှူဒါန်းကြသည့် အလှူငွေများဖြင့် ရေသန့်ဘူးကြီး (၁၅၀) သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရှိရပါသည်။
၎င်းကျေးရွာသည် နှစ်စဉ်နှစ်တိုင်း နွေရာသီတွင် ရေအခက်အခဲပြဿနာနှင့် ကြုံနေရပြီး အဝီစိတွင်းကို ၃ကြိမ်တိုင်တိုင် တူးကြပေမယ့် ရေမထွက်ပဲ ရေကိစ္စနှင့်ပတ်သက်ပြီး ဒုက္ခရောက်ကြရကြောင်း သိရှိရပါသည်။ ဖြူစင်နှလုံးသားသွေးလှူရှင်အသင်းအနေဖြင့် နောက်ထပ်သောက်ရေသန့်များကို သွားရောက်လှူဒါန်းပေးသွားဦးမည်ဖြစ်ကြောင်း မဝေဝေစိုး ဒေါ်နန်းခမ်းရွှေ တို့ပြောပြချက်အရ သိရှိရပါသည်။
ခွန်အောင်ထွိုက်ဗွေ
Like On Facebook
Follow On Twitter
Subscribe On RSS