Monday, June 4, 2018

ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းတွင် အကြိုအခြေခံမီးသတ်သင်တန်း ဖွင့်ပွဲအခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၄)ရက်










တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေ)ကွင်းတွင် ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာန နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးတို့ ပူးပေါင်းပြီး  အကြိုအခြေခံမီးသတ်သင်တန်း အမှတ်စဉ် (၁/၂၀၁၈ ) ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၄) ရက်၊ နံနက် (၉း၀၀) အချိန်တွင် ပြုလုပ်ကျင်းပကြောင်းသိရသည်။

အကြိုအခြေခံမီးသတ်သင်တန်း ကျင်းပရခြင်း၏ရည်ရွယ်ချက်သည် တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံပိုင်ကုန်ထုတ်အရင်းအနှီး အဆောက်အဦးများကို မီးဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရန် ၊ သဘာဝအလျောက်ဖြစ်ပွားတတ်သည့် ဘေးအန္တရာယ်အမျိုးမျိုးကို လုပ်သားပြည်သူများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ကာကွယ်တားဆီးစောင့်ရှောက်ရန်၊ နိုင်ငံတော်အစိုးရက လက်ရှိဆောင်ရွက်နေသော နိုင်ငံတော်အေးချမ်းသာယာရေး တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် နိုင်ငံတော်၏ အရံအင်အားအဖြစ် အထောက်အကူပြုလာ စေရန် စသည့်ရည်ရွယ်ချက်ဖြင့်ကျင်းပရခြင်းဖြစ်သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင်  တောင်ကြီးခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူက အဖွင့်အမှာစကားပြောကြားပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ နာယက ဖြားခွန်လာ က အမှာစကားပြောကြားရာ " မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်၊ တောတောင် အလိုအလျောက်အန္တရာယ်အမျိုးမျိုးတွေကို ကြုံတွေ့နေရပါတယ်။ ဒါကြောင့် ဒီနိုင်ငံတွေမှာ မြို့တိုင်းတွင် မီးသတ်တပ်ဖွဲ့များရှိသော်လည်း ကျေးရွာတိုင်းတွေမရှိသေးပါဘူး။ အချို့နေရာဒေသများတွင်ရှိသော်ငြားလည်း ကျေးရွာတိုင်း၊ ကျေးရွာတိုင်းတွင် မရှိသေးပါဘူး။ နယ်မြေတည်ငြိမ်အေးချမ်းမှုနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုလည်းရှိလာတယ်။ ၁၉၉၁ ငြိမ်းချမ်းရေးယူပြီး နိုင်ငံတော်အစိုးရနဲ့စကားပြောတဲ့အခါမှာ တောင်းဆိုတာကတော့ အပစ်အခတ်ရပ်စဲပြီး ပြည်သူလူထု၏ ဘ၀ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ရန်၊ အမျိုးဘာသာ၊  ဿ  သနာဖြစ်တဲ့ ဘုရား၊ စေတီ၊ ကျောင်းကန်၊ ပရိယတ္တိစာသင်တိုက်တွေကို နိုင်ငံတော်အစိုးရက ကူညီပံ့ပိုးပေးရန်၊ ပညာရေးကဏ္ဍအနေနဲ့ ကျေးရွာတိုင်း မူလတန်းကျောင်း၊ အုပ်စုတိုင်း အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းရရှိရန်၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လှုမှုရေးလုပ်ငန်းတွေမှာ ကျေးရွာလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကာကွယ်ရန်အတွက် တင်ပြထားတယ်။ အခြားသောလုပ်ငန်းများဆောင်ရွက်နိုင်သည်ဆိုလဲဘဲ ဒီမီးသတ်လုပ်ငန်းက မလုပ်ဆောင်ရသေးပါဘူး။ ဒါမဲ့အခုတော့လုပ်ဆောင်နိုင်ပါပြီ။ ဒါဟာကလည်း ၁၉၉၁ ငြိမ်းချမ်းရေးယူတုန်းက အစိုးရတွေ့နဲ့တွေ့ဆုံ ဆွေးနွေးတဲ့အခါမှာ လှုမှုရေးလုပ်ငန်းတွေဖြစ်တဲ့ မီးဘေးကာကွယ်ရေး၊ တောတောင်၊ သဘာဝအန္တရာယ် ကာကွယ်ရေးဆိုတဲ့ အချက်တွေပါတယ်" ဟု ပြောကြားခဲ့ပါသည်။

ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူက  သင်တန်းကာလအတွင်း စာတွေ့၊ လက်တွေ့၊ သရုပ်ပြ သင်ကြားပေးသွားမည့် သင်တန်းနည်းပြဆရာများကို မိတ်ဆက်ပေးခဲ့ပါသည်။

" ဒေသတစ်ခုမှာ မီးလောင်မှုဖြစ်ပွားပြီဆိုရင် မီးသတ်တပ်ဖွဲ့ဝင်တွေက ဘယ်လိုဆောင်ရွက်ရမလဲ၊ မီးသတ်တပ်ဖွဲ့ကို ဘယ်လိုသတင်းပေးရမလဲ၊ ဘယ်လိုပူးပေါင်းဆောင်ရွက်မှာလဲ ဆိုတာကို အဓိကသင်ကြားပို့ချ ပေးသွားမှာဖြစ်တယ်။ မီးသတ်သင်တန်းက ပြည်သူတွေ့နဲ့ဆက်စပ်တဲ့အရာပါ မီးဘေးအန္တရာယ်ဆိုတာက မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ် (၈၀%) နှစ်စဉ်ဖြစ်ပွားခဲ့တယ်။ အဲဒီမီးဘေးအန္တရာယ် ဆောင်ရွက်တဲ့အခါမှာ လူ၊ လူသားတွေရဲ့အရင်းအမြစ်ကြောင့် ဖြစ်တဲ့ဘေးအန္တရာယ်ကြောင့် မီးသတိပြုရေး ၊ မီးဘေးကြိုတင်ကာကွယ်ရေးဆိုတဲ့အသိကို သိရှိအောင်ဆောင်ရွက်ပေးခြင်းဖြစ်တယ်။ သုံးစွဲတဲ့နေရာမှာလည်း မီးကိုသတိရှိရှိကိုင်တွယ်တဲ့အတွက်ကြောင့် မီးလောင်မှုတွေ လျော့နည်းလာတယ်။ မတော်တဆမီးလောင်မှုဖြစ်ပွားရင် တောင်မှ မီးဘေးကြိုတင်ကာကွယ်တဲ့ အစီအမံတွေရှိသည့်အတွက် မီးလောင်မှုကြီး အဆင့်ကိုမကြီးထွားဘူး  ဒီအသိပညာ၊ ဗဟုသုတကို ဖြန့်ဝေပေးရမည်ဖြစ်တယ်။ ၂၀၁၈ ခုနှစ်၊ ဇွန်၊ ဇူလိုင် သြဂုတ်လထဲမှာ ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ရပ်စောက်မြို့နယ်တို့တွေမှာလည်း အကြိုမီးသတ်သင်တန်းပေးဖို့ရှိတယ် " ဟု တောင်ကြီးခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူက ထပ်လောင်းပြောကြားခဲ့ပါသည်။

အကြိုအခြေခံမီးသတ်သင်တန်း ကို  ကြံ့ခိုင်ရေးနည်းပြ (၄) ဦး၊ စစ်ရေးပြ/မီးသတ်ပညာဘာသာရပ် (လက်တွေ့) နည်းပြ (၅) ဦး၊ မီးသတ်ပညာဘာသာရပ် နည်းပြ (၃) ဦး ၊ သင်တန်းသား (၆၅) ဦး တို့ဖြင့် စာတွေ့၊ လက်တွေ့၊ သရုပ်ပြသင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထိုအကြိုအခြေခံမီးသတ်သင်တန်းအောင်ပွဲကို (၉.၆.၂၀၁၈) နေ့လည် (၁း၀၀) အချိန်တွင် စာတွေ့၊ လက်တွေ့၊ သရုပ်ပြနှင့်အတူပြုလုပ်သွားမည်ဖြစ်ပြီး မည်သူမဆိုတက်ရောက်နိုင်ပါကြောင်း သိရှိရပါသည်။ ထိုသင်တန်းဖွင့်ပွဲတွင်  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ နာယက  ဖြားခွန်လာ၊ အတွင်းရေးမှူး (၃) ဖြားခွန်တင်ထွဠ်၊ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်း၊ တောင်ကြီးခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူ၊ ရှမ်းပြည်နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ လေ့ကျင့်ပညာပေးရေးဌာနမှ ၀န်ထမ်းများ တက်ရောက်ကြောင်းသိရှိရပါသည်။

နန်းအိနြေ္ဒခမ်း
Powered by Blogger.