တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၂)ရက်
တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက် ချယ်ရီကွင်းဟိုတယ်တွင် လူမှုအဖွဲ့နှင့်( NEW HUMANITY) အဖွဲ့တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးစွဲလမ်းမှု- ဦးနှောက်ပျက်စီးစေခြင်းများနှင့် စိတ်ပညာကုထုံးနည်းလမ်းများ ဆွေးနွေးပွဲကို ၂၀၁၈-ခုနှစ်၊ ဇွန်လ (၂၁-၂၂)ရက်နေ့ (၂)ရက်တိုင်တိုင် ပြုလုပ်ကျင်းပပါသည်။
ဆွေးနွေးပွဲ ပထမရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က- လူငယ်များ အနာဂါတ် လှပဖို့အတွက် မူးယစ်ဆေးဝါးသည် အန္တရာယ်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးအနေဖြင့် ကုသရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆိုင်ရာအစိုးရဌာနများ၊ အရပ်ဘက်အဖွဲ့အစည်းများအနှင့် လက်တွဲပြီး ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးသည် မြန်မာသာမက ကမ္ဘာ့နိုင်ငံတော်တော်များများကို ခြိမ်းခြောက်လျှက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ရှမ်းပြည်နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေး ဦးစီးဌာန၊ ညွန်ကြားရေးမှူးနှင့် မူးယစ်ဆေးဝါးစွဲလမ်းခြင်းဆိုင်ရာ တောင်ကြီးရုံးတာဝန်ခံဒေါ်စန္ဒာအောင်တို့က မူးယစ်ဆေးဝါးအကြောင်းအရာများကို မိတ်ဆက်ဆွေးနွေးပေးခဲ့ပါသည်။
ဆက်လက်ပြီး သင်တန်းဦးဆောင်ဆွေးနွေးပေးသူ စိတ်ပညာရှင်Dr.Enrico Fidanza (ခ) ဒေါက်တာဟိန်းဇော်က မူးယစ်ဆေးဝါးစွဲလမ်းသူများကို စိတ်ပညာဖြင့် ပြန်လည်ကုသခြင်းနည်းလမ်းများကို (၂)ရက်တိုင် ဦးဆောင်ဆွေးနွေးပေးခဲ့ပါသည်။
၎င်းဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် အစိုးရဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီများ၊ ဘာသာရေး အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့များနှင့် အခြားဖိတ်ကြားထားသူများ(၄၀)ကျော်တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
ခွန်အောင်ထွိုက်ဗွေ
Like On Facebook
Follow On Twitter
Subscribe On RSS