Thursday, August 2, 2018

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နှင့် ( P.N.O )အသွင်ပြောင်းပြည်သူ့စစ်ဌာနေတို့ တွေ့ဆုံပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂)ရက်






တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ (PNO) အသွင်ပြောင်းပြည်သူ့စစ်ဌာနေ၊ ကွပ်ကဲရေးမှူးဌာနချုပ်ရုံး အစည်းအဝေးခန်းမတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် (PNO) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) တာဝန်ရှိပုဂ္ဂိုလ်တို့က ၂၀၁၈-ခုနှစ်၊ သြဂုတ်လ (၂) ရက်နေ့၊ နံနက်ပိုင်း (၉း၃၀) နာရီတွင် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၆) စဆရ အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်မှ အဖွင့်အမှာစကားပြောကြရာတွင် " ကျွန်တော်ဟာ တစ်ချိန်တုန်းက ဒီဘက်ဒေသမှာတာဝန်ထမ်းဆောင်ဖူးပါကြောင်း၊ ကိုယ့်နယ်မြေကိုပြန်ရောက်နေသလိုမျိုး ခံစားရပါကြောင်း၊ ဒီဘက်ဒေသနေရာတော်တော်များများက အရင်လိုမဟုတ်ပဲ ဖွံ့ဖြိုးတိုးတက်လာသည်ကိုတွေ့မြင်ရကြောင်း၊ ဒီထက်မက ဖွံ့ဖြိုးတိုးတက်အောင် ပိုမိုဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်ဆိုသည်မှာ လက်နက်ကိုင်ဆောင်သည့်ပြည်သူ့စစ်နှင့် လက်နက်မကိုင်ဆောင်သည့်ပြည်သူ့စစ်ဆိုပြီး နှစ်မျိုးရှိပါကြောင်း၊ လက်နက်ကိုင်ဆောင်သူများအနေဖြင့် စည်းကမ်းရှိဖို့ အဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ မူးယစ်ဆေးဝါးနှင့် Without ကားများ မရောင်းဝယ်ဖို့ လိုအပ်ပါကြောင်း၊ ခေတ်နှင့်အညီ အသွင်ပြောင်းကာလမှာ ဥပဒေဘောင်အတွင်း သွားလာလှုပ်ရှားရမည်ဖြစ်ကြောင်း၊ အဖွဲ့အစည်းကိုခုတုံးလုပ်ပြီး အခွင့်အရေးမယူဖို့နှင့် အဖွဲ့အစည်းတံဆိပ်ကို မိမိတို့ယဉ်ပေါ်တွင် မတပ်ဆင်ကြဖို့လိုအပ်မည်ဖြစ်ကြောင်း၊ ကိုယ့်နယ်မြေအတွင်းမှာ အေးချမ်းစွာနေထိုင်ကြပြီး ကျူးကျော်လာသူများကို အချိန်မှီ သတင်းပေးပို့ကြရန်လိုအပ်ပါကြောင်း၊ နယ်မြေလုံခြုံရေးအတွက်ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ကြဖို့နှင့် စိတ်လိုက်မာန်ပါမပြုမူကြဖို့လိုအပ်မည်ဖြစ်ကြောင်း၊ နယ်မြေလုံခြုံရေးကိစ္စများနှင့်ဒေသအလိုက် အခက်အခဲများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြရန်နှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို ဆောင်ရွက်နိုင်ရန် မိမိတို့သားသမီးများအား ပညာတတ်ဖြစ်အောင် ကျိုးစားအားထုတ်ကြရမည်ဖြစ်ကြောင်း" အကျယ်တဝင့် ပြောကြားပေးခဲ့ပါသည်။

ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၆) စဆရ အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ၀င်းဗိုလ်ရှိန်၊  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်လင်းအောင်၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ထင်မော်ထွန်း အဖွဲ့တို့ ထောက်ပံ့ချီးမြှင့်သော ဆန် (၃၂၀) အိတ်၊ ဆီ (၃၅၅) ပိဿာ၊ ဆား (၃၅၅) ပိဿာ၊ ငွေ ( ၆၅,၆၆၀,၀၀၀ ) ကျပ်တို့ကို (PNO) အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) ကိုယ်စားတွဲဖက်ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးခွန်အောင်သန်း၊ ဒု-ဗိုလ်မှူးကြီး ခွန်ဇော်ပျံ၊ ဗိုလ်မှူး ခွန်ကီး တို့က လက်ခံရရှိပါသည်။

ဆက်လက်၍ (PNO) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ)  (၁၄) ဌာန မှ တာဝန်ရှိပုဂ္ဂိုလ်များက မိမိတို့ဒေသအခြေအနေ အခက်အခဲများကို တင်ပြခဲ့ပြီးနောက် ဒုတိယ - ဗိုလ်ချုပ်ကြီး ၀င်းဗိုလ်ရှိန်က လိုအပ်သည်များကိုပြန်လည်ဖြေကြားအကြံများပေးခဲ့ပါသည်။

၎င်းတွေ့ဆုံပွဲကို  ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၆) စဆရ အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ၀င်းဗိုလ်ရှိန်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်လင်းအောင်၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ထင်မော်ထွန်း နှင့် အရာရှိအရာခံများ၊ တပ်မှူးတပ်ဖွဲ့များ၊ (PNO) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ)မှ ဗိုလ်မှူးကြီး ပီတာထွန်းနိုင်၊ ဗိုလ်မှူးကြီးခွန်အောင်သန်း၊ ဗိုလ်မှူးကြီး ခွန်လှမောင်နှင့် ခမ်း (၄) ခမ်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) (၁၄) ဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ (PNO)ကွပ်ကဲရေးမှူး ရုံးချုပ်မှ တပ်မှူးတပ်ဖွဲ့များတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

ခွန်အောင်ထွိုက်ဗွေ
Powered by Blogger.