Monday, September 17, 2018

ဒုတိအကြိမ် ခွန်ဖြားဗွာခမ်းဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်









တောင်ကြီးမြို့နယ်၊ ထီဖေါင်းကျေးရွာအုပ်စု၊ နားဘောင်ဒေသ၊ ပအိုဝ်းအမျိုးသားများပိုင် ဗိုလ်ချုပ်ချန်ဇုံ ဘက်စုံဖွံဖြိုးတိုးတက်ရေး အားကစားကွင်းတွင် ဒုတိယအကြိမ် ခွန်ဖြားဗွာခမ်းဖလား ဘောလုံးပြိုင်ပွဲ  နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ(၁၇)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် ခွန်ဖြားဗွာခမ်းဖလား တတိယဗိုလ်လုပွဲကို နံနက်(၉း၀၀)အချိန်အတွင် ပေါမူအသင်းနှင့် မဲစောစဉ်အသင်းတို့ကယှဉ်ပြိုင်ကစားခဲ့ကြရာ (၂း ၁)ဂိုးဖြင့် ပေါမူအသင်းက အနိုင်ရရှိပြီးနောက် နံနက်(၁၁း၀၀)အချိန်တွင် အားကစား(သိပ္ပံ)တောင်းကြီးအသင်းနှင့် ပျုပအိုဝ်းအသင်း တို့က  ချစ်ကြည်ရေးအနေဖြင့် ဆက်လက်ယှဉ်ပြိုင်ကြရာ ( ၂း ၂ )ဂိုးဖြင့် သရေကျခဲ့ကြောင်း သိရသည်။

ထို့နောက် နေ့ခင်း(၂း၃၀)အချိန်တွင် ဗိုလ်လုပွဲအဖြစ် ဖရဲအသင်း နှင့် လွယ်ကောင်အသင်းတို့က ယှဉ်ပြိုင်ကစားခဲ့ကြပြီး ( ၃း ၁ )ဂိုးဖြင့် ဖရဲအသင်းက အနိုင်ရရှိကာ ဗိုလ်စွဲသွားကြောင်း သိရပြီး ဆုရရှိသောအသင်းနှင့်နေရာအလိုက် အကောင်းဆုံးဆုရရှိသည့် အားကစားသမားများအား တာဝန်ရှိသူများမှ ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ဆုကြေးငွေများမှာ ပထမဆုကို (၇) သိန်း၊ ဒုတိယဆု(၅)သိန်း၊ တတိဆု (၂)သိန်း နှင့် ဒဂုံအဖျော်ယမကာ ကုမ္ပဏီလီမီတက်မှ ပထမဆု(၃)သိန်း၊ ဒုတိယဆု(၂) သိန်း၊ တတိယဆု(၁)သိန်း အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ကျောင်းသားလူငယ်များ အားကစားစိတ်ဓါတ် ပိုမိုထက်သန်လာစေရန် ရည်ရွယ်ကာ လာမည့်နွေရာသီကျောင်းပိတ်ရက်အချိန်များတွင် စတုတ္ထတန်းမှ ဆဋ္ဌမတန်းအထိ အလယ်တန်း ကျောင်းသားများကို ဘောလုံးပွဲများ ဆက်လက်လုပ်ဆောင်ပေးသွာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဒုတိယအကြိမ် ခွန်ဖြားဗွာခမ်းဖလား ဘောလုံးပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဝဏ္ဏကျော်ထင် ဖြားတန်စင်ဖါအောင်ခမ်းထီနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ အသွင်ပြောင်းဌာနေပြည်သူ့စစ် ပအိုဝ်းအမျိုးသားတပ်မတော်(PNA)မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ရပ်မိရပ်ဖများ တက်ရောက် အားပေးခဲ့ကြကြောင်း သိရသည်။

ခွန်ယံသေ

Powered by Blogger.