Thursday, November 8, 2018

နောင်လေကျေးရွာအုပ်စု၊ မူရာဘုန်းတော်ကြီးကျောင်းတွင် လူထုတွေ့ဆုံပွဲ အခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်






တောင်ကြီးမြို့နယ်၊ နောင်လေကျေးရွာအုပ်စု၊ မူရာကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ရှမ်းပြည်နယ်၊ လမ်းပန်းဆက်သွယ်ရေးဝန်းကြီးဌာန၊ ပြည်နယ်ဝန်ကြီး ဦးခွန်ရဲထွေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြာခွန်သိန်းဖေ နှင့် တောင်ကြီးမြို့နယ်  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်သူရအောင်တို့က ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ (၈) ရက် နံနက် (၉း၃၀) အချိန်တွင် မူရာဘုန်းတော်ကြီးကျောင်း၌ လူထုတွေ့ဆုံပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မူရာကျောင်းထိုင်ဆရာတော်ထံမှ ငါးပါးသီးလခံယူပြီး  အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြားခွန်သိန်းဖေက အဖွင့်အမှာစကားပြောကြားရာတွင်  ယခုလို လာရောက်တွေ့ဆုံရတာကတော့ ဒီဒေသ၏ လမ်းပန်းဆက်သွယ်ရေး အခြေအနေများ၊ စိုက်ပျိုးရေး အခြေအနေများ၊ ပြည်သူလူထုတို့၏ အဓိကလိုအပ်ချက်ချက်များကို သိရှိလိုခြင်းဖြစ်ပါကြောင်း၊  လမ်းပန်းဆက်သွယ်ရေးနှင့် ပတ်သက်သော အခြေအနေများကို ပြည်နယ်ဝန်ကြီးက ကြိုးစားလုပ်ကိုင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရပ်ရွာဒေသ၏ လိုအပ်ချက်များကိုလည်း သက်ဆိုင်ရာအစိုးရဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များထံသို့ တင်ပြသင့်ကြောင်း၊ မိမိရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတော်မှ တတ်နိုင်သမျှ လုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိပြီး မိမိတို့ဒေသခံများအနေဖြင့်လည်း တတ်နိုင်သလောက် ကြိုးစားလုပ်ကိုင်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ခေတ်စနစ်ပြောင်းလဲမှုနှင့်အညီ အုပ်ချုပ်မှုစနစ်သည်လည်း ကောင်းမွန်စွာ တည်ဆောက်ထားရန် လိုအပ်ကြောင်း၊  ဥပဒေနှင့် အညီ လိုက်နာကျင့်သုံးပါက ဒေသဖွံ့ဖြိုးတိုးတက်မှု ပိုမို မြန်ဆန်းလာမည်ဖြစ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍  ရှမ်းပြည်နယ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးခွန်ရဲထွေးက အမှာစကားပြောကြားရာတွင် လမ်းပန်းဆက်သွယ်ရေးနှင့်ပတ်သက်ပြီး ရှမ်းပြည်နယ်အတွင်း မြို့နယ်ပေါင်း (၅၅) မြို့နယ်ရှိပြီး ကတ္တရာလမ်းမိုင်းပေါင်း (၆)ထောင်ကျော် (၇) ထောင်နီးပါးရှိပြီး  ကျေးလက်လမ်းသည်လည်း မိုင်ပေါင်း (၂) သောင်း ကျော်ရှိပါကြောင်း၊  နိုင်ငံတော်အစိုးရ၏ သတ်မှတ်ချက်အရ ဆိုလျှင် လမ်းအကျယ် ပေ(၄၀) အောက်ရှိလျှင် မြေသားလမ်း ပြုလုပ်ပေးမည်ဖြစ်ပြီး ၊ လမ်းအကျယ် ပေ (၄၀) ကျော် ရှိပါက ကျောက်ချောလမ်းအဖြစ်ဆောင်းရွက်ပေးမှာဖြစ်ပြီး၊ ပေ (၆၂)အကျယ်ရှိသောလမ်းကို ကတ္တရာလမ်းအဖြစ်  ဆောင်ရွက်ပေးမည်ဟု သတ်မှတ်ထားပြီး   ၂၀၁၈ - ၂၀၁၉ခုနှစ် နိုင်ငံတော်အစိုးရ၏ စီမံမှုဖြင့် လုပ်ဆောင်ပေးမည့်  ဘတ်ဂျတ်တွင် ထီဆုံ - စခဲ  (၁)မိုင် (၆)ဖာလုံ လမ်း ကျောက်ချောလမ်း ကို ကတ္တရာလမ်းအဖြစ် ဆောက်လုပ်ရန် ခွင့်ပြု ငွေသိန်း (၁၈၅) သိန်း ဖြင့် ဆောက်လုပ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုတို့၏ လိုအပ်ချက်များကို သက်ဆိုင်ရာပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များထံသို့ တင်ပြရန်လိုအပ်ကြောင်း၊ ဒီဒေသမှာဆိုရင် ဒေသခံများ စည်းလုံးညီညွှတ်မှု ရှိကြပြီး မြေကိုချစ်ကြပါ ထိန်းသိမ်းကြပါ မိမိတို့၏လူမျိုးသည် မြေကို အမှီပြုပြီး စိုက်ပျိုးရေးလုပ်ငန်များ  အဓိကထား လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြေသည် မိမိတို့၏ အသက်သွေးကြောဖြစ်ပါကြောင်း၊ ထို့ကြောင့် မြေရောင်းခြင်းများ မပြုလုပ်ကြပါရန် စသည့်တို့က ရှင်းလင်းပြောကြားခဲ့ပြီးနောက် တောင်ကြီးမြို့နယ်  ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးခွန်သူရအောင်ကလည်း အမှာစကားအသီးသီး ပြောကြားခဲ့ကြောင်း သိရပါသည်။

အဆိုပါတွေ့ဆုံပွဲ အခမ်းအနားသို့  ရှမ်းပြည်နယ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးခွန်ရဲထွေး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ တောင်ကြီးမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးခွန်သူရအောင်၊ တောင်ကြီးမြို့နယ်၊ နောင်လေကျေးရွာအုပ်စု ကျေးရွာပေါင်း (၁၉) ရွာမှ ရပ်မိ/ရပ်ဖများ (၂၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရပါသည်။

ခွန်ယံသေ
Powered by Blogger.