Thursday, November 8, 2018

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျော်တလုံးကြီးမြို့နယ်ခွဲအတွင်းရှိ ပုံဆွေပင်-တခေါ့မွူး-ထီဖောင်း-နောင်ခဲ-ထီနဲ့ မဲဆန္ဒရှင်မိဘပြည်သူများ သိရှိနိုင်စေရန်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်


ရှမ်းပြည်နယ်၊ အမှတ်(၉) မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေ၏ (ကြယ်ပွင့်မပြ) မေးခွန်းအပေါ်ပြန်လည်ရှင်းလင်းဖြေကြားချက်

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် ရှင်းလင်းဆွေးနွေးနိုင်ရန် အတွက် ရှမ်းပြည်နယ်၊ အမှတ်(၉) မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေမှ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲအတွင်းရှိ ပုံဆွေပင်ရွာ - တခေါ့မွူးရွာ - ထီဖောင်းရွာနှင့် နောင်ခဲရွာ - ထီနဲ့ရွာကျေးလက်လမ်းများကိုကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်တည်ဆောက်ပေးရန် နှင့် နောင်ခဲရွာနှင့် ထီနဲ့ရွာကြားရှိ သက်တမ်းကြာမြင့်ပြီဖြစ်သည့် အလျား(၂၂)ပေ၊ အနံ(၁၆)ပေ၊ အမြင့် (၈)ပေရှိ သစ်သားတံတားတစ်စင်းအားလာမည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန်အစီအစဉ် ရှိ/မရှိ (ကြယ်ပွင့်မပြ) မေးခွန်းမေးမြန်းလာခဲ့ပါသည်။

၂။ လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းချက်ပါ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲအတွင်းရှိ နောင်ပစ်ကျေးရွာအုပ်စု၊ ပုံဆွေပင်ရွာ - တခေါ့မွူးရွာ - ထီဖောင်းရွာကျေးလက်လမ်းအရှည်(၅/၀)မိုင်အနက် (၃/၀)မိုင် ကျောက်ချောလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် နောင်ခဲရွာနှင့် ထီနဲ့ရွာကြားရှိ နောင်ခဲချောင်းကူးတံတား (၂၂)ပေကိုကွန်ကရစ်တံတားအဖြစ် တည်ဆောက်ခြင်းလုပ်ငန်းတို့အား ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်ရန်ပုံငွေဖြင့်လည်းကောင်း၊ နောင်ခဲကျေးရွာအုပ်စု၊ နောင်ခဲကျေးရွာမှ ထီနဲ့ကျေးရွာသို့ ဆက်သွယ်သည့် လမ်းပိုင်း(၃/၆)မိုင်အား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်ရန်ပုံငွေဖြင့်လည်းကောင်းဆောင်ရွက်နိုင်ရေးအဆိုပြုလျာထားတင်ပြသွားမည် ဖြစ်ပါကြောင်းနှင့် ဘဏ္ဍာငွေခွဲဝေ ရရှိမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းရှင်းလင်းဖြေကြားအပ်ပါသည်။

လွှတ်တော်ရေးရာဌာန (PNO)
Powered by Blogger.