Friday, January 11, 2019

ဒေသဦးစီး ဥက္ကဋ္ဌ သည် မဲနယ်တောင်ဒေသ ကျေးရွာ ၁၉ရွာ မီးလင်းရေးနှင့် ကျောက္ကချားကျေးရွာရှိ ကျောင်းသားအိပ်ဆောင် တည်ဆောက်နေမှုများကိုကြည့်ရှုစစ်ဆေး

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၁၂) ရက်
















ဒေသဦးစီးဥက္ကဋ္ဌနှင့် ဒေသဦးစီးအဖွဲဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများသည် မဲနယ်တောင်ဒေသတွင်တောင်ဒေသတွင်ဆောင်ရွက်လျက်ရှိသော ကျေးရွာ၁၉ရွာ မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းပြီးစီးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

မဲနယ်တောင်ဒေသမီးလင်းရေးအတွက် ဒေသဦးစီးအဖွဲအနေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနခွင့်ပြုရန်ပုံငွေဖြင့် အဆင့်သုံးဆင့် ၃နှစ် စီမံကိန်းဖြင့်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။ ပထမအဆင့်အနေဖြင့် ကျေးရွာ ၁၉ ရွာတွင် ၄၀၀ဗို့ လိုင်းများသွယ်တန်းခြင်း၊ ဒုတိယအဆင့်အနေဖြင့် ကျေးရွာများတွင် ၁၁/0.4 ကေဗွီအေ ထရန်စဖော်မာများတပ်ဆင်ခြင်း၊ တတိယအဆင့်အနေဖြင့် ၁၁ ကေဗွီအေ လိုင်းများသွယ်တန်းခြင်းနှင့် ၃၃/၁၁ ကေဗွီအေ ဓာတ်အားခွဲရုံတည်ဆောက်ခြင်းတို့ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမအဆင့်နှင့် ဒုတိယအဆင့်မှာ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းသိရှိရပါသည်။ စငေါကျေးရွာတွင်တည်ဆောက်မည့် 33/0.4KVA. ဓာတ်အားခွဲရုံမှာ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ခွင့်ပြုရန်ပုံငွေဖြင့်တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ လုပ်ငန်းများအားလုံးပြီးစီးသွားပါက ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မီးလင်းနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

ဆက်လက်ပြီး ဒေသဦးစီးဥက္ကဋ္ဌနှင့်အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာန ထောက်ပံ့ရန်ပုံငွေဖြင့် ကျောက္ကချားကျေးရွာတွင်တည်ဆောက်လျက်ရှိသည့် ၉၀x၃၀ပေ နှစ်ထပ် ကျောင်းသားအိပ်ဆောင် အားကြည့်ရှုစစ်ဆေးခဲ့ပါသည်။

credit-ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံဖြိုးတိုးတက်နေမှုများ


Powered by Blogger.