တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၁၂) ရက်
၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၁၂)ရက်၊ နံနက်(၈း၀၀) အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကန္ဓကုဋိကျောင်းတော်တွင် လှူဒါန်းတပ်ဆင်ထားသော ရွှေကြာမျက်နှာကြက်တော်ကို မင်္ဂလာလိုက်ကာ ဖွင့်လှစ်ပူဇော်ပြီး ပြည်ထောင်စုဝန်ကြီးက အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားအား မြသပိတ်ဆွမ်းတော်၊ သစ်သီးပန်းမန်၊ သောက်တော်ရေချမ်းများ ကပ်လှူပူဇော်ခြင်းနှင့် ဧည့်သည်တော်များ ဧည့်သည်တော်မှတ်တမ်းတွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့သည်။
ဆက်လက်ပြီး နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ညောင်ရွှေမြို့၊ မိုင်းသောက်ပထမပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဠဂုရု ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ပါသည်။ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်ကို နာယူခဲ့ပြီး သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့ပါသည်။
ထို့နောက် မိုင်းသောက်ကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်းအမျှပေးဝေခြင်းဖြင့် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုတ်သိမ်းခဲ့ပါသည်။ အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားတန်စင်ဖါအောင်ခမ်းထီ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အလှူရှင်များ၊ အထူးဖိတ်ကြားထားသောဧည့်သည်တော်များ၊ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသခံမိဘပြည်သူများတက်ရောက်ကြောင်းသိရှိရပါသည်။
နန်းဆားတဲုင်






Like On Facebook
Follow On Twitter
Subscribe On RSS