Wednesday, January 16, 2019

မြို့နယ်ချင်းဆက်လမ်း အဆင့်မြင့်တင်နိုင်ရန်အတွက် ကွင်းဆင်းအချက်အလက်ကောက်ယူခြင်း

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၁၆)ရက်




တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ ပင်တွန်ကျေးရွာအုပ်စုအတွင်းရှိ ပင်တွန် - ထီခွ - နမ်းပါလိတ်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာအုပ်စု နမ်းငိုင်း - နမ်းပေါ်လိတ်သို့ ဆက်သွယ်ထားသည့် မြို့နယ်ချင်းဆက်လမ်း၊ ကျေးရွာချင်းဆက်လမ်းကို အဆင့်မြင့်တင်နိုင်ရန်အတွက် ဒေသခံရပ်မိရပ်ဖနှင့်အတူ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ ၊ လွှတ်တော်ရေးရာဌာနနှင့် ကျောက်တလုံးမြို့နယ်၊ ရုံးတာဝန်ခံ ခွန်မျိုးသူတို့မှ ၂၀၁၉-ခုနှစ်၊ ဇန်န၀ါရီလ (၁၅)ှရက်နေ့တွင် ကွင်းဆင်းအချက်အလက်ကောက်ယူကြောင်း သိရှိခဲ့ရပါသည်။

အဆိုပါ ကွင်းဆင်းကောက်ယူရသည့် အချက်အလက်များကို သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များထံသို့ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခွန်တလျူး
Powered by Blogger.