Sunday, May 26, 2019

ကျောင်းအပ်နှံရေးနေ့အခမ်းအနား ဟိုပုံးမြို့၌ ကျင်းပ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မေလ (၂၇)ရက်





ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဟိုပုံးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ (၂၆)ရက်နေ့၊ နံနက်(၉)နာရီက အမှတ်(၁) ၊ အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်က အဖွင့်အမှာစကားပြော ကြားရာတွင် " ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြစေလိုကြောင်း ၊ အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်းကို (၂၀၁၆-၂၀၂၁)ထိ သင်ရိုးညွှန်းတမ်းများ နှစ်စဉ်ပြောင်းလဲပြီး ၊ အကောင်အထည်ဖော်ချမှတ်လုပ်ဆောင် သွားရမှာဖြစ်ကြောင်း ၊ ယနေ့ပညာရေးစနစ်ဖြစ်တဲ့ ဘက်စုံလွှမ်းခြုံနေသော အမျိုးသားပညာရေးဥပဒေများ၏ မူကြို တန်းမှစပြီး သင်ရိုးညွှန်းတမ်းကို နှစ်စဉ်(၂၀၁၆-၂၀၁၇)မှစတင်ပြောင်းလဲခဲ့တာဖြစ်ကြောင်း ၊ နိုင်ငံတော်မှ ဖတ်စာအုပ် ၊ ကျောင်းသုံးဗလာစာအုပ်များ ၊ ကျောင်းဝတ်စုံ ၊ အထွေထွေထောက်ပံ့ပေးထားသည်ဖြစ်ရာ ကျောင်းနေအရွယ်အားလုံး ကျောင်းအပ်နှံကြစေလိုကြောင်း ၊ ဆရာ/ဆရာမများသည် ကျောင်းသား/သူအချင်းချင်း ခွဲခြားဆက်ဆံမှုမရှိစေရေးကိုလည်း မိဘများနှင့်ဆရာ/ဆရာမတို့ကပူးပေါင်းဆောင်ရွက်စေလိုကြောင်း ၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းတွေနဲ့ကိုက်ညီ အောင်အခြေခံပညာစနစ်ကို ပြင်ဆင်နေကြောင်း ၊ မိဘများအနေဖြင့်လည်း ကျောင်းနေအရွယ်ကလေးများကို အဝေးသို့ပို့ဆောင်ခြင်း ၊ ပရဟိတကျောင်းများသို့ပို့ဆောင်ခြင်း တွေပြုလုပ်နေသည်တွေ့ရပါကြောင်း နှင့် မိမိတို့ဒေသရှိ စာသင်ကျောင်းများအတွက် အခွင့်အရေးများဆုံးရှုံးရကြောင်း ၊ လက်ရှိတွင် မိမိတို့ပအိုဝ်းဒေသရှိ ကျေးရွာတိုင်းတွင် စာသင်ကျောင်းများရရှိပြီးဖြစ်၍ မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်စေလိုကြောင်း ၊ ပညာရေးနှင့်ဆက်သွယ် နေတဲ့ ကျောင်းသားမိဘများအနေဖြင့်လည်း ပြောင်းလဲ့နေသည့် အမျိုးသားပညာရေးကို နားလည်သဘောပေါက်ပြီး သင်ကြားရေးဆရာ/ဆရာမများကလည်း သင်တန်းမှာပို့ချခဲ့သည့်အတိုင်း တပည့်သားသမီးများကို စနစ်တကျ ပြုစုပျိုးထောင်ပြီး နိုင်ငံ့သားကောင်းသမီးကောင်းများပေါ်ထွန်းအောင် အကောင်အထည်ဖော်ဆောင်ရွက်ကြပါ " ဟုပြောကြားသွားသည်။

ဆက်လက်၍ ဟိုပုံးမြို့နယ် ပညာရေးမှူး ဒေါ်အေးအေးဝင်းကထပ်ဆင့်အမှာစကားပြောကြားပြီးနောက် အလှူရှင်များက ဖတ်စာအုပ် နှင့် ကျောင်းသုံးဗလာစာအုပ်များကို အသီးသီးပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတို့က လက်ခံရယူကြသည်။ ယင်းနောက် ကျောင်းအတွင်း အတန်းအသီးသီးရှိ ကျောင်းအပ်နှံသည့်နေရာများသို့ လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါ အခမ်းအနားကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်သိန်း ၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးဝင်း နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ၊ ဟိုပုံးမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ထက်ထက်(ဟိုပုံး)
Powered by Blogger.