Monday, May 27, 2019

ကျောက်တစ်လုံးကြီးမြို့နယ်ခွဲ၊ နောင်ကားဒေသတွင် OSS (One Stop Shop) ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မေလ (၂၈)ရက်












ကျောက်တစ်လုံးကြီးမြို့နယ်ခွဲ၊ နောင်ကားဒေသ၊ နောင်ကားဘုန်းတော်ကြီးကျောင်းတွင် ၂၀၁၉-ခုနှစ်၊ မေလ(၂၇)ရက်နေ့၌ OSS (One Stop Shop ) ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တိုင်းရင်းဆေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မော်တော်ယာဉ်နှင့် ယာဉ်စီးကမ်း လမ်းစည်းကမ်းထိမ်းသိမ်းရေးအဖွဲ့တို့မှ နောင်ကားကျေးရွာအုပ်စုရှိ ဒေသခံပြည်သူတို့အား မှတ်ပုံတင်ပြုလုပ်ပေးခြင်းစသည့် ၀န်ဆောင်မှုလုပ်ငန်းအသီးသီးကို လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဝန်ဆောင်မှုလုပ်ငန်းအခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြားခွန်သိန်းဖေ၊ တောင်ကြီးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်တို့က အမှာစကားများနှင့် ၀န်ဆောင်မှုလုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး နောင်ကားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ နောင်ကားဒေသအတွက် လိုအပ်သည့်လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထိုသို့တင်ပြရာတွင် ညောင်ရွှေမြို့နယ်နှင့် တောင်ကြီးမြို့နယ် မြို့နယ်ချင်းဆက်လမ်းဖြစ်သည့် ညောင်ခမ်း - လွယ်ခေါ် လမ်းပိုင်းကို မြေသားချဲ့ခြင်းနှင့် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို လွှတ်တော်တွင် တင်ပြထားပြီး လွှတ်တော်ကလည်း ဆောင်ရွက်ဖို့ ခွင့်ပြုချက်ရရှိထားပြီးဖြစ်ကြောင်း၊ လာမည့်ဘဏ္ဍာနှစ်မှာ ဘဏ္ဍာခွဲဝေမှုရရှိအောင် ထပ်မံတင်ပြသွားမည်ဖြစ်ကြောင်း၊ နောင်ကားဒေသတွင် မီးသတ်စခန်းထားရှိနိုင်ဖို့အတွက် ဒေသခံပြည်သူများက မြေနေရာပေးထားပါက အဆောက်အဦး၊ ကား၊ ၀န်ထမ်းများ ရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လုံးတိုင် - ပုံးအယ် လမ်းပိုင်းကို ကျောက်ချောလမ်းမှ ကတ္တရာလမ်းအဆင့် တိုးမြှင့်နိုင်ဖို့အတွက် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဖို့ လိုအပ်ကြောင်း၊ ဒေသခံပြည်သူများက လုပ်အားနှင့်ကျောက်များကို ပါဝင်ကူညီပါက နည်းပညာ၊ ကတ္တရာ၊ စက်ယန္တရားပိုင်းများကို အစိုးရအနေဖြင့် ညှိနှိုင်းတိုင်ပင်ပြီး ပါဝင်ကူညီသွားမည်ဖြစ်ကြောင်း၊ ဂနိုင်ဖက်ကွံရွာက အ-မ-က ခွဲကျောင်းတွင် ဆရာ/ဆရာမ (၂)ဦးခန့် လိုအပ်နေသည်ကိုလည်း ပညာရေးဌာနမှ လတ်တလောသင်ကြားနိုင်အောင် တခြားကျောင်းမှ ဆရာမ(၂)ဦးကို ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ နောင်ကားတိုက်နယ်ဆေးရုံ တည်ဆောက်နိုင်ဖို့ မူဝါဒအနေအားဖြင့် နောင်ကားဒေသသည် ကျောက်တလုံးကြီးမြို့နှင့် (၂၁)မိုင်၊ တောင်ကြီးမြို့နှင့် (၁၁)မိုင်ကျော် ကွာဝေးသည့်အတွက် မူဝါဒအနေဖြင့် တိုက်နယ်ဆေးရုံထားရှိရန် ညီညွတ်မှုရှိကြောင်း၊ တိုက်နယ်ဆေးရုံဆောက်လုပ်ရန်အတွက် ရေရှည်အနာဂတ်ကို မျှော်မှန်းကာ မြေ(၁၀)ဧကခန့် လိုအပ်ကြောင်း၊ ဒေသခံပြည်သူက မြေနေရာနှင့်ပတ်သက်၍ ပါဝင်ကူညီဖို့ လိုအပ်ကြောင်း၊ မြေနေရာရှိပြီးပါက အစိုးရမှ ဆောင်ရွက်ပေးနိုင်ဖို့ လွယ်ကူမည်ဖြစ်ကြောင်းကိုလည်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ဒေသခံပြည်သူ တင်ပြထားသည့် လိုအပ်ချက်များကို ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။

ယနေOSS (One Stop Shop ) ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ အကြံပေးအဖွဲ့ဝင်ဖြစ်သည့် ဦးဝင်းကြည်၊ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဖြားခွန်ရဲထွေး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သူရအောင်၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်၊ တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။

ခွန်ဓဇ၊ ခွန်ပန်းစိန်
Powered by Blogger.