Thursday, June 20, 2019

ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်ရေး(ဒဲဉ်သီးဗွေကွင်း) လုပ်ငန်းခွင်အကြို ဒီပလိုမာအထူးသင်တန်းကျောင်းတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၁)ရက်




ကျောင်းသူကျောင်းသားများ ယာဉ်အန္တရာယ်မှကင်းစင်းစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်ပြီး ၂၀၁၉ ခုနှစ်၊ ဇွန်လ(၂၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်ရေး(ဒဲဉ်သီးဗွေကွင်း)လုပ်ငန်းခွင်အကြို ဒီပလိုမာအထူးသင်တန်းကျောင်းမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ဟောပြောပွဲမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)အတွင်းရေးမှူး(၃)ဦးခွန်တင်ထွဋ်က အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ အမှတ်(၁၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှ ဒုရဲမှူးးအောင်နိုင်မိုးက ကျောင်းဆရာ/ဆရာမများ ယာဉ်အန္တရာယ်ကင်းဝေးစေရန်၊ ဒီယာဉ်စည်းကမ်းလမ်းစည်းကမ်း မသိရှိနားမလည်တဲ့ သူတွေကို ဆရာ/ဆရာမကနေတဆင့် နောင်လာမည့်မျိုးဆက်သစ်တွေကို အသိပညာပေးနိုင်ရန် ရည်ရွယ်ပြီး ယခုလို ဟောပြောပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့ကြောင်းသိရှိရပါသည်။

" ဒီကနေ့ ကမ္ဘာပေါ်မှာ လူဦးရေသန်းပေါင်း(၆၀၀၀)ကျော်ရှိတဲ့အထဲမှာ နှစ်စဉ်(၁.၃)သန်းခန့်မှာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးကြပြီး အဲဒီထဲမှာပဲ လူဦးရေသန်း(၅၀)ခန့် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူဦးရေသန်း(၅၀)ထဲကမှ (၁၀)သန်းခန့်က ကိုယ်လက်အင်္ဂါမသန်မစွမ်းဖြစ်ကြပါတယ်၊ နေ့စဉ်လူ(၁၀၀)မှာ တစ်ယောက်က ယာဉ်မတော်တဆမှု အန္တရာယ်နဲ့ တွေ့ကြုံရပြီး တွေ့ကြုံရတဲ့အခါမှာ ဘယ်လိုနိုင်ငံတွေက အများဆုံးဖြစ်ကြသလဲတော့ နိုင်ငံလိုဖွံ့ဖြိုးတိုးတက်မှု အားနည်းသေးတဲ့နိုင်ငံနဲ့ ဆင်းရဲတဲ့နိုင်ငံတွေမှာ ယာဉ်မတော်တဆမှု အများဆုံးဖြစ်ပြီး ပြီးခဲ့တဲ့တပတ်အတွင်းမှာ ရှမ်းပြည်နယ်အတွင်းမှာ လူ(၉)ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ(၃၆)ဦးရှိပါတယ်၊ သေဆုံးသွားတဲ့(၉)ဦးထဲ့မှာ ဆိုင်ကယ်မတော်တဆမှုကြောင့် သေဆုံးတဲ့သူ(၇)ဦးရှိတယ် " ဟု ဒုရဲမှူးအောင်နိုင်မိုးက ရှင်းပြပါခဲ့သည်။

အဆိုပါ ဟောပြောပွဲမှာ ပအိုဝ်းလူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများနှင့် ကျောင်းဆရာ/ဆရာမများ တက်ရောက်ခဲ့ကြပြီး အမှတ်(၁၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ မှ တာဝန်ရှိသူတို့က ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

ခမ်းရတနားခွန်
Powered by Blogger.