Friday, August 2, 2019

မောက်ဝေါက်(ဒီမို)လူငယ်စင်တာမှ သင်တန်းသား/သူများ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များအား လာရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂)ရက်






တောင်ကြီးမြို့နယ်၊ မောက်ဝေါက်ကျေးရွာရှိ မောက်ဝေါက်(ဒီမို)လူငယ်စင်တာမှ သင်တန်းသား/သူများက ယနေ့ နံနက်(၁၁)နာရီတွင် တောင်ကြီးမြို့ရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးသို့ လာရောက်ကာ တာဝန်ရှိပုဂ္ဂိုလ်များအား လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူး(၃) ဖြားခွန်တင်ထွဋ်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ ငြိမ်းချမ်းရေးမယူမှီ အခြေနေများနှင့် ငြိမ်းချမ်းရေးယူပြီးနောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ လှုပ်ရှားဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားပြီးနောက် DEMO အဖွဲ့ Director ခွန်ဇော်က သင်တန်းသား/သူများက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးသို့ လာရောက်လေ့လာသည့် ရည်ရွယ်ချက်များနှင့် ၄င်းတို့အဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

ထို့နောက် ဗဟိုဌာနချုပ်ရုံး ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းက ခေတ်အဆက်ဆက် ပအိုဝ်းတော်လန်ရေး လုပ်ဆောင်ရသည့်အကြောင်းအရာများနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ၏ မူဝါဒ၊ လမ်းစဉ်နှင့်လုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းသား/သူများ၏ မေးမြန်းချက်များကိုလည်း ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ခွန်ရဲုင်းယံ
Powered by Blogger.