ထမ်းယမ့်အုပ်စု ပအိုဝ်းမော်အဖွဲ့ အတွင်းရေးမှူးမော်ထွန်းအေးက အားပေးစကားပြောကြားပေးခဲ့ပြီး အဖွဲ့ဝင် ဖြားမော်ရီက ငွေစာရင်းဆိုင်ရာနှင့်ပအိုဝ်းမော်အဖွဲ့ ရှေးဆက်လုပ်ဆောင်ရမည့် လုပ်ငန်းများ အကြောင်းအရာများကို ရှင်းလင်းတင်ပြကာ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ထမ်းယမ့်အုပ်စု မော်အဖွဲ့က အထွေထွေကဏ္ဍကို ဆွေးနွေးခဲ့ကြပါသည်။
ခွန်ထွိုက်ခမ်း
ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာအုပ်စု ပအိုဝ်းမော်အဖွဲ့ PDMO ဆွေးနွေးပွဲပြုလုပ်ကျင်းပ
တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက်
၂၀၁၉-ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာအုပ်စု၊ နားဆီးဆောက်ကျေးရွာ ဦးမော်ရီအိမ်တွင် ထမ်းယမ့်အုပ်စု ပအိုဝ်းမော်အဖွဲ့ PDMO က နံနက် (၁ဝးဝဝ) နာရီအချိန် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ရှေးဦးစွာ နမောတဿ၃ကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ဖွင့်လှစ်ကာ ထမ်းယမ့်အုပ်စု ပအိုဝ်းမော်အဖွဲ့ ဥက္ကဋ္ဌ ဖြားစင်ဖာ ထွက်လဲင်က စည်းရုံးရေး၊ လူမှုရေး၊ ချစ်ကြည်ရေးစသည့် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒု-ဥက္ကဌ ဖြားမော်လေးက တရားဟောဆရာများလိုက်နာရမည့်စည်းကမ်းများ၊ ဟောကြားရမည့်တရားများ စသည့်အကြောင်းအရာများကို ပြောကြားပေးခဲ့ပါသည်။
ထမ်းယမ့်အုပ်စု ပအိုဝ်းမော်အဖွဲ့ အတွင်းရေးမှူးမော်ထွန်းအေးက အားပေးစကားပြောကြားပေးခဲ့ပြီး အဖွဲ့ဝင် ဖြားမော်ရီက ငွေစာရင်းဆိုင်ရာနှင့်ပအိုဝ်းေမာ်အဖွဲ့ ရှေးဆက်လုပ်ဆောင်ရမည့် လုပ်ငန်းများ အကြောင်းအရာများကို ရှင်းလင်းတင်ပြကာ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ထမ်းယမ့်အုပ်စု မော်အဖွဲ့က အထွေထွေကဏ္ဍကို ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးပွဲ ဆုံးဖြတ်ချက်အရ ထမ်းယမ့်အုပ်စု ပအိုဝ်းမော်အဖွဲ့ ဥက္ကဋ္ဌကို ဖြားမော်လဲင် ထမ်းယမ့်နှင့် ဖြားမော်လေး နောင်တဗန်တို့လည်းကောင်း၊ အတွင်းရေးမှူး အဖြစ်မော်ထွန်းအေး၊ မောင်သိန်းမော်၊ မော်ကျွားတို့ကလည်းကောင်း၊ စာရင်းကိုင်အဖြစ် မော်ရီကလည်းကောင်း၊ စာရင်းစစ်အဖြစ် မော်အောင်ထွိုက်ဗွေနှင့် မော်နန်တီးတို့ကလည်းကောင်း တာဝန်ယူ ဆောင်ရွက်သွားကြရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရပါသည်။
နေ့လည် (၁းဝဝ) နာရီအချိန်တွင် ဗုဒ္ဓသာသနံ စိရံတိဌတု ၃- ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ပြန်လည်ရုပ်သိမ်းခဲ့ပါသည်။ ဆွေးနွေးပွဲကို ထမ်းယမ့်အုပ်စု ပအိုဝ်းမော်အဖွဲ့ ၂၄-ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ခွန်ထွိုက်ခမ်း
Like On Facebook
Follow On Twitter
Subscribe On RSS