Monday, September 30, 2019

၂၀၂၀ ေရြးေကာက္ပြဲတြင္ (PNO) အေနျဖင့္ အမိ်ဳးသမီးကုိယ္စားလွယ္ေလာင္းမ်ား ထည့္သြင္းယွဥ္ၿပိဳင္သြားမည္ဟု ပအို၀္းအမ်ဳိးသားအဖဲြ႔ခ်ဳပ္ (PNO) အတြင္းေရးမွဴးခ်ဳပ္ ျဖားခြန္သိန္းေဖဆို

ေတာင္ႀကီး၊ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၃၀)ရက္






၂၀၂၀ ေရြးေကာက္ပြဲတြင္ PNO အေနျဖင့္ အမိ်ဳးသမီးကုိယ္စားလွယ္ေလာင္းမ်ား ထည့္သြင္းယွဥ္ၿပိဳင္ သြားမည္ ဟု ဒီကေန႔ ပအိုဝ္းအမ်ိဳးသားအဖြဲ႔ခ်ဳပ္(PNO)၊ဗဟိုဌာနခ်ဳပ္ရံုး၌ ျပဳလုပ္ေသာ (PNO)ႏွင့္ ျမန္မာႏိုင္ငံအမ်ိဳးသမီး အဖြဲ႔ခ်ဳပ္(WLB)တို႔ ေတြ႔ဆံုမႈတြင္ ပအိုဝ္းအမ်ိဳးသားအဖြဲ႔ခ်ဳပ္(PNO)အတြင္းေရးမွဴးခ်ဳပ္ ျဖားခြန္သိန္းေဖက ဤသို႔ ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံအမ်ိဳးသမီးအဖြဲ႔ခ်ဳပ္သည္ ျမန္မာႏိုင္ငံအတြင္းရွိ အမ်ိဳးသမီးမ်ားအား ႏိုင္ငံေရးစြမ္းရည္ျမင့္တင္ရန္၊ အမ်ိဳးသမီးမ်ားအား အၾကမ္းဖက္မႈမ်ား ဆန္က်င့္ေရးွႏွင့္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္တြင္ အမ်ိဳးသမီးမ်ားပါဝင္ေရးကို လံႈံ႔ေဆာ္ေဆာင္ရြက္ေနသည့္ အဖြဲ႔အစည္းျဖစ္ၿပီး ယခုတြင္လည္း ပအိုဝ္းအမ်ိဳးသားအဖြဲ႔ခ်ဳပ္(PNO)ပါတီတြင္ အမ်ိဳးသမီးပါဝင္မႈအေျခအေနႏွင့္ ႏိုင္ငံေရးျဖစ္စဥ္တြင္ အမ်ိဳးသမီးမ်ားကို ထည့္သြင္းေပးရန္အတြက္ လာေရာက္ေတြ႔ဆံုေဆြးေႏြးျခင္း ျဖစ္ေၾကာင္းသိရသည္။

ထိုေတြ႔ဆံုမႈတြင္ ပအိုဝ္းအမ်ိဳးသားအဖြဲ႔ခ်ဳပ္(PNO)ပါတီတြင္ ပအိုဝ္းအမ်ဳိးသမီးက႑ႏွင့္ ပတ္သက္၍ မိမိတို႔အဖြဲ႔အစည္းသည္ အမ်ိဳးသမီးမ်ားကို အခြင့္အေရးမေပးသည့္၊ ပိတ္ပင္သည့္ အဖြ႔ဲအစည္းမဟုတ္ေၾကာင္း၊ သို႔ေသာ္လည္း အမ်ိဳးသမီးမ်ားသည္ ေခါင္းေဆာင္မႈအပိုင္းတြင္ စိတ္ဝင္စားမႈ အားနည္းခဲ့ေၾကာင္း၊ ၿပီးခဲ့သည့္ ၂၀၁၀၊ ၂၀၁၅ ေရြးေကာက္ပြဲတြင္ အမ်ိဳးသမီးမ်ားကို ထည့္သြင္းယွဥ္ၿပိဳင္ရန္ ယာထားေသာ္လည္း အမ်ိဳးသမီးမ်ားအေနျဖင့္ အဆင္သင့္မရွိခဲ့ေၾကာင္း၊ ယခုတြင္ PNO တြင္ အမ်ိဳးသမီးအဖြဲ႔ ဖြဲ႔စည္းေပးထားၿပီး စြမ္းရည္ျမင့္သင္တန္းမ်ား၊ ႏိုင္ငံေရးသင္တန္းမ်ားကို ေစလႊတ္ေနပါေၾကာင္း၊ ထို႔ေၾကာင့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ အမ်ိဳးသမီးကိုယ္စားလွယ္ေလာင္းမ်ားကို ထည့္သြင္းသြားမည္ျဖစ္ေၾကာင္း ပအိုဝ္းအမ်ိဳးသားအဖြဲ႔ခ်ဳပ္(PNO)အတြင္းေရးမွဴးခ်ဳပ္ ျဖားခြန္သိန္းေဖက ဤသို႔ ေျပာၾကားထားပါသည္။

ျမန္မာႏိုင္ငံအမ်ိဳးသမီးအဖြဲ႔ခ်ဳပ္ကလည္း (PNO) အေနျဖင့္ ယခုကဲ့သို႔ အမ်ိဳးသမီးမ်ားကို အခြင့္အေရးေပး ေနသည္ကို ၾကားသိရသည့္အတြက္ အလြန္ပင္ဝမ္းသာပါေၾကာင္း၊ ႏိုင္ငံေရးက႑တြင္ အမ်ိဳးသမီးပါဝင္ လာျခင္းျဖင့္ လူမႈေရးက႑မ်ားတြင္ မ်ားစြာဖြ႔ံၿဖိဳးလာသည္ကို သာဓကမ်ားျဖင့္ ေတြ႔ျမင္ေနရေၾကာင္း၊ ထို႔ေၾကာင့္ ႏိုင္ငံေရးျဖစ္စဥ္တြင္ အမ်ိဳးသမီးမ်ား ပါဝင္ရန္ စဥ္းစားေပးေစလိုေၾကာင္း၊ ၂၀၂၀ေရြးေကာက္ပြဲတြင္ (PNO) အေနျဖင့္ အမ်ိဳးသမီးမ်ားကို ထည့္သြင္းေပးပါက ေအာင္ႏိုင္ေျခရွိေသာ ေနရာမ်ားတြင္ ဝင္ၿပိဳင္ေစလိုေၾကာင္း ေဆြးေႏြးတိုက္တြန္းထားပါသည္။

ေတြ႔ဆံုပြဲတြင္ PNO တြင္ အတြင္းေရးမွဴးခ်ဳပ္ ျဖားခြန္သိန္းေဖ၊ အတြင္းေရးမွဴး(၂) ျဖားခြန္ထြန္းေရႊ၊ ရံုးအဖြဲ႔မွဴး ေစာခြန္ေက်ာ္ဝင္းႏွင့္ အတြင္းေရးမွဴးအေထာက္အကူျပဳအဖြဲ႔မ်ား၊ အမ်ိဳးသမီးအဖြဲ႔မ်ားျဖစ္ၿပီး WLB တြင္ အတြင္းေရးမွဴးအဖြဲ႔ႏွင့္ အႀကံေပးအဖြဲ႔တြင္ ပါဝင္ၾကေသာ နန္းမို႔မို႕၊ ေဒၚသင္းသင္းေအာင္၊ ေဌးေဌး၊ ေလြးဖိုးငယ္၊ မူအဲမိုင္၊ နန္းဆိုင္ေနာင္း၊ ေနာ္ခ်စ္စု၊ နန္းဇင္ႏြယ္တို႔ ပါဝင္ေၾကာင္းသိရသည္။

သို႔ေသာ္လည္း အမ်ိဳးသမီးကုိယ္စားလွယ္ေလာင္းမ်ားကုိယ္ မည္မွ်ပါဝင္ခြင့္ျပဳမည္ႏွင့္ မည္သည့္ေနရာတြင္ ယွဥ္ၿပိဳင္သြားမည္ကို မဆံုးျဖတ္ရေသးေၾကာင္း၊ ၂၀၂၀ ေရြးေကာက္ပြဲတြင္ PNO အေနျဖင့္ ပအုိဝ္းကိုယ္ ပိုင္အုပ္ခ်ဳပ္ခြင့္ရ (၃)ၿမိဳ႕နယ္အျပင္ ပအိုဝ္းလူမ်ိဳးအမ်ားစုေနထိုင္ရာၿမိဳ႕နယ္မ်ားကိုပါ ဝင္ေရာက္ယွဥ္ၿပိဳင္သြား မည္ျဖစ္ေၾကာင္း သိရသည္။

နဂါ့ခြန္

Unicode
၂၀၂၀ ရွေးကောက်ပွဲတွင် PNO အနေဖြင့် အမျိုးသမီးကိုယ်စားလှယ်လောင်းများ ထည့်သွင်းယှဉ်ပြိုင်သွားမည်ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေဆို
တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်

၂၀၂၀ ရွေးကောက်ပွဲတွင် PNO အနေဖြင့် အမျိုးသမီးကိုယ်စားလှယ်လောင်းများ ထည့်သွင်းယှဉ်ပြိုင် သွားမည် ဟု ဒီကနေ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ဗဟိုဌာနချုပ်ရုံး၌ ပြုလုပ်သော PNOနှင့် မြန်မာနိုင်ငံအမျိုးသမီး အဖွဲ့ချုပ်(WLB)တို့ တွေ့ဆုံမှုတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေက ဤသို့ ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်သည် မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများအား နိုင်ငံရေးစွမ်းရည်မြင့်တင်ရန်၊ အမျိုးသမီးများအား အကြမ်းဖက်မှုများ ဆန်ကျင့်ရှေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများပါဝင်ရေးကို လှုံံ့ဆော်ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်ပြီး ယခုတွင်လည်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီတွင် အမျိုးသမီးပါဝင်မှုအခြေအနေနှင့် နိုင်ငံရေးဖြစ်စဉ်တွင် အမျိုးသမီးများကို ထည့်သွင်းပေးရန်အတွက် လာရောက်တွေ့ဆုံဆွေးနွေးခြင်း ဖြစ်ကြောင်းသိရသည်။

ထိုတွေ့ဆုံမှုတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီတွင် ပအိုဝ်းအမျိုးသမီးကဏ္ဍနှင့် ပတ်သက်၍ မိမိတို့အဖွဲ့အစည်းသည် အမျိုးသမီးများကို အခွင့်အရေးမပေးသည့်၊ ပိတ်ပင်သည့် အဖွဲ့အစည်းမဟုတ်ကြောင်း၊ သို့သော်လည်း အမျိုးသမီးများသည် ခေါင်းဆောင်မှုအပိုင်းတွင် စိတ်ဝင်စားမှု အားနည်းခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသမီးများကို ထည့်သွင်းယှဉ်ပြိုင်ရန် ယာထားသော်လည်း အမျိုးသမီးများအနေဖြင့် အဆင်သင့်မရှိခဲ့ကြောင်း၊ ယခုတွင် PNO တွင် အမျိုးသမီးအဖွဲ့ ဖွဲ့စည်းပေးထားပြီး စွမ်းရည်မြင့်သင်တန်းများ၊ နိုင်ငံရေးသင်တန်းများကို စေလွှတ်နေပါကြောင်း၊ ထို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများကို ထည့်သွင်းသွားမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေက ဤသို့ ပြောကြားထားပါသည်။

မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်ကလည်း PNO အနေဖြင့် ယခုကဲ့သို့ အမျိုးသမီးများကို အခွင့်အရေးပေး နေသည်ကို ကြားသိရသည့်အတွက် အလွန်ပင်ဝမ်းသာပါကြောင်း၊ နိုင်ငံရေးကဏ္ဍတွင် အမျိုးသမီးပါဝင် လာခြင်းဖြင့် လူမှုရေးကဏ္ဍများတွင် များစွာဖွ့ံဖြိုးလာသည်ကို သာဓကများဖြင့် တွေ့မြင်နေရကြောင်း၊ ထို့ကြောင့် နိုင်ငံရေးဖြစ်စဉ်တွင် အမျိုးသမီးများ ပါဝင်ရန် စဉ်းစားပေးစေလိုကြောင်း၊ ၂၀၂ဝရွေးကောက်ပွဲတွင် PNO အနေဖြင့် အမျိုးသမီးများကို ထည့်သွင်းပေးပါက အောင်နိုင်ခြေရှိသော နေရာများတွင် ဝင်ပြိုင်စေလိုကြောင်း ဆွေးနွေးတိုက်တွန်းထားပါသည်။

တွေ့ဆုံပွဲတွင် PNO တွင် အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေ၊ အတွင်းရေးမှူး(၂) ဖြားခွန်ထွန်းရွှေ၊ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းနှင့် အတွင်းရေးမှူးအထောက်အကူပြုအဖွဲ့များ၊ အမျိုးသမီးအဖွဲ့များဖြစ်ပြီး WLB တွင် အတွင်းရေးမှူးအဖွဲ့နှင့် အကြံပေးအဖွဲ့တွင် ပါဝင်ကြသော နန်းမို့မို့၊ ဒေါ်သင်းသင်းအောင်၊ ဌေးဌေး၊ လွေးဖိုးငယ်၊ မူအဲမိုင်၊ နန်းဆိုင်နောင်း၊ နော်ချစ်စု၊ နန်းဇင်နွယ်တို့ ပါဝင်ကြောင်းသိရသည်။

သို့သော်လည်း အမျိုးသမီးကိုယ်စားလှယ်လောင်းများကိုယ် မည်မျှပါဝင်ခွင့်ပြုမည်နှင့် မည်သည့်နေရာတွင် ယှဉ်ပြိုင်သွားမည်ကို မဆုံးဖြတ်ရသေးကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲတွင် PNO အနေဖြင့် ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ (၃)မြို့နယ်အပြင် ပအိုဝ်းလူမျိုးအများစုနေထိုင်ရာမြို့နယ်များကိုပါ ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရသည်။

နဂါ့ခွန်
Powered by Blogger.