Friday, September 27, 2019








ထိုတွေ့ဆုံမှုတွင် အတွင်းရေးမှူး(၃) ဖြားခွန်တင်ထွဋ်က ယခုကဲသို့ မိမိတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အဖွဲ့ကို လာရောက်တွေ့ဆုံ၊ လေ့လာသည့်အတွက် အလွန်ပင်ဝမ်းသာမိပါကြောင်း၊ မိမိတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)အဖွဲ့သည် အစိုးရဖွဲ့နိုင်လောက်သည့် အင်အားမရှိသောကြောင့် မည်သည့်အစိုးရပင် အုပ်ချုပ်စေကာမူ မိမိတို့အစိုးရဟုခံယူပြီး အစိုးရနှင့်အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလက်ရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် ဌာနပေါင်း (၁၁) ခုထားရှိထားပြီး အချိန်မရွေးလာရောက် လေ့လာနိုင်ကြောင်း၊ မိမိတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)အဖွဲ့အစည်းသည် ဘက်ပေါင်းစုံထူးချွန်သော မျိုးဆက်သစ်လူငယ်များ အတတ်နိုင်ဆုံး မွေးထုတ်ပေးလျက်ရှိကြောင်း၊ ယခုလက်ရှိတွင် ပအိုဝ်းဒေသခရီးသွားလုပ်ငန်းများ၌ ပအိုဝ်းဂိုက်(guide)များ များပြားလာပြီဖြစ်ကြောင်း ကြိုဆိုစကားပြောကြားခဲ့သည်။

ထို့နောက် ရုံးအဖွဲ့မှူး စောခွန်ကျောင်းဝင်းက (TYC)အဖွဲ့မှ သိလိုသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဖွဲ့စည်းတည်ဆောက်ပုံအကြောင်း၊ နိုင်ငံရေးမူဝါဒများ၊ PNO သမိုင်းကြောင်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ချက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။



နဂါ့ခွန်

Unicode Version

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အဖွဲ့မှ TYC အဖွဲ့အား လက်ခံတွေ့ဆုံ
တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်

ပအိုဝ်းအမျိုးသားအဖွဲ့အချုပ်(PNO)ရှိ တာဝန်ရှိပုဂ္ဂိုလ်များက ဒီကနေ့ စက်တင်ဘာလ (၂၇)ရက်နေ့တွင်  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၌ Taunggyi Youth Center(TYC)အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ ကြောင်းသိရပါသည်။

ထိုတွေ့ဆုံမှုတွင် အတွင်းရေးမှူး(၃) ဖြားခွန်တင်ထွဋ်က ယခုကဲသို့ မိမိတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အဖွဲ့ကို လာရောက်တွေ့ဆုံ၊ လေ့လာသည့်အတွက် အလွန်ပင်ဝမ်းသာမိပါကြောင်း၊ မိမိတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)အဖွဲ့သည် အစိုးရဖွဲ့နိုင်လောက်သည့် အင်အားမရှိသောကြောင့် မည်သည့်အစိုးရပင် အုပ်ချုပ်စေကာမူ မိမိတို့အစိုးရဟုခံယူပြီး အစိုးရနှင့်အတူ ဒေသဖွ့ံဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလက်ရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် ဌာနပေါင်း (၁၁) ခုထားရှိထားပြီး အချိန်မရွေးလာရောက် လေ့လာနိုင်ကြောင်း၊ မိမိတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)အဖွဲ့အစည်းသည် ဘက်ပေါင်းစုံထူးချွန်သော မျိုးဆက်သစ်လူငယ်များ အတတ်နိုင်ဆုံး မွေးထုတ်ပေးလျက်ရှိကြောင်း၊ ယခုလက်ရှိတွင် ပအိုဝ်းဒေသခရီးသွားလုပ်ငန်းများ၌ ပအိုဝ်းဂိုက်(guide)များ များပြားလာပြီဖြစ်ကြောင်း ကြိုဆိုစကားပြောကြားခဲ့သည်။

ထို့နောက် ရုံးအဖွဲ့မှူး စောခွန်ကျောင်းဝင်းက (TYC)အဖွဲ့မှ သိလိုသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဖွဲ့စည်းတည်ဆောက်ပုံအကြောင်း၊ နိုင်ငံရေးမူဝါဒများ၊ PNO သမိုင်းကြောင်းများ၊ ဒေသဖွ့ံဖြိုးရေးလုပ်ဆောင်ချက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

ထိုတွေ့ဆုံမှုတွင် ပအိုဝ်းအမျိုးသားအဖွဲ့အချုပ်(PNO)ဘက်မှာ အတွင်းရေးမှူး(၃) ဖြားခွန်တင်ထွဋ်၊ ရုံးအဖွဲ့မှူး စောခွန်ကျောင်းဝင်း၊ စီမံဌာနမှဌာနမှူး၊ ခွန်ကျော်အေးနှင့် Taunggyi Youth Center(TYC)အဖွဲ့မှ ခွန်ဇော်နောင်း၊ ဆလိုင်းဆန်းအောင်၊ ခွန်ဝင်းမြင့်၊ ခွန်ဝင်းနိုင်၊ နန်းအေးမူ၊ နန်းခမ်းဗဲ့တို့ ပါဝင်ကြောင်း သိရပါသည်။

ယခုနှစ်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် DEMO၊ PWU၊ TYC အဖွဲ့များကို လက်ခံတွေ့ဆုံမှုများ ရှိကြောင်း သိရသည်။


နဂါ့ခွန်
Powered by Blogger.