Monday, September 25, 2017

ပညာတတ်လူငယ်များသည် မိမိတယောက်အတွက် ပညာဟုပြောလို့ရသလို အမျိုးသားရေးအတွက်လည်း အထောက်အကူဖြစ်ရန်လိုအပ်သည်ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ တွဲဖက်အတွင်ရေးမှူး (၃)ဖြားခွန်တင်ထွဋ္ဋ်ပြောကြား

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်









စန္တာခမ်း၊ နောင်တရားမြို့နယ်၊ ဘန်းပြင်ကျေးရွာအုပ်စု၊ နောင်ကားမှီးဘုန်းတော်ကြီး၌ ကျေးရွာဒေသရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ခမ်း၊ နယ်၊ အွိုင်းအဖွဲ့က စက်တင်ဘာ(၂၅)ရက်တွင် ပြုလုပ်သည့်လူထုတွေ့ဆုံပွဲကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ တွဲဖက်အတွင်းရေးမှူး (၃) ဖြားခွန်တင်ထွဋ္ဋ်က ဤတွင်ပြောကြားခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲတွင် စန္တာခမ်း ဒု-ခမ်းဗွေ ဖြားခွန်ထွန်းတင် က ဒေသရှင်သန်ဖွံ့ဖြိုးရေးလုပ်ငန်းကို သော်လည်းကောင်း ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ နောင်တရားမြို့နယ် ဒု- ဥက္ကဌ ဖြားခွန်သောင်းတင် က ကျေးရွာစည်းလုံးညီညွှတ်မှုရှိစေရေးအကြောင်းအရာများကိုသော်လည်းကောင်း အကျယ်တ၀င့်ရှင်းလင်းပြောကြားခဲ့ပါသည်။

(PNO) ဗဟိုဌာနချုပ်ရုံး၊ ပြန်ကြားရေးဌာန နန်းမိုးမိုးခိုင်က နိုင်ငံရေး၊ စီးပွားရေး၊ လှုမှုရေး၊ ပညာရေး စသည့် အခန်းကဏ္ဍအသီးသီးတွင် အမျိုးသမီးများဝင်ရောက်ပါဝင်နိုင်ရန် လိုအပ်ကြောင်း၊ ခေတ်စနစ်ပြောင်းလဲမှုအရ ယခင်ခေတ်စနစ်များတွင် အမျိုးသားများနှင့် အမျိုးသမီးများတန်းတူအခွင့်အရေးမရရှိခဲ့သော်လည်း ယနေ့ ခတ်အပြောင်းအလဲကြောင့် အမျိုးသား/သမီးများ တန်းတူအခွင့်အရေးများရရှိလာပြီဖြစ်ကြောင်း၊  အမျိုးသမီးများသည်လည်း အမျိုးသားများနည်းတူ ရင်ဘောင်တန်းနိုင်ရန် အချိန်ကျရောက်နေပြီဖြစ်ကြောင်း၊ ဤသို့ရင်ဘောင်သန်းနိုင်အောင်လည်း အမျိုးသမီးများဘက်က မိမိအားသာရာအခန်းကဏ္ဍများတွင် လက်တွေ့ပါဝင်ဆောင်ရွက်မှသာ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

" ယခုသွားနေသောလမ်းစဉ်သည် ဖြားဗွာလှဖေ ချမှတ်ပေးထားသည့် အမျိုးသားဒီိမိုကရေစီ သံဖိုခနောက်နှင့်သံခွေ လမ်းစဉ်အတိုင်းကျင့်သုံးနေခြင်းဖြစ်ကြောင်း၊ ထို သံဖိုခနောက် (၃) ချောင်းတည်းဖြင့် ရပ်တည်၍မရနိုင်သလို သံဖိုခနောက် (၃) ချောင်းသည် ခိုင်မာတောင့်တင်းမှုရှိစေရန် သံခွေ ပါမှသာလျှင်ရပ်တည်၍ရနိုင်မည်ဖြစ်ကြောင်း၊ နယ်မြေ၊ ကျေးရွာဒေသအတွင်းရှိ သူခိုး၊ ဓါးပြ များကျေးရွာထဲဝင်ရောက်လာမှုမရှိစေရန် ကျေးရွာလုံခြုံမှုလဲအလွန်ပင်အရေးကြီးကြောင်း၊  ကျေးရွာအတွင်းရှိ ကျေးရွာစောင့်များထားရှိခြင်းသည် ကျေးရွာလုံခြုံမှုများရှိစေရန်အတွက် အဓိကရည်ရွယ်ထားခြင်းဖြစ်ကြောင်း၊ အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းရေးရယူသည့် ၁၉၉၁ ခုနှစ်နောက်ပိုင်းတွင် အထူးဒေသ (၆) အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒေသခံများနှင့်ပူးပေါင်းပြီး တစိုက်မတ်မတ်ကြိုးစားလုပ်ဆောင်လာခဲ့သည်မှာ ယနေ့အထိတိုင်ဖြစ်ကြောင်း” (PNO ) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) ဒု-ဗိုလ်မှူးကြီးခွန်အောင်သန်းက  ပြောကြားခဲ့ပါသည်။

ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုကော်မတီဝင် ခွန်အောင်နိုင် က ဗဟိုဌာနချုပ်ရုံး ဖွဲ့စည်းပုံ နှင့်ဌာနတစ်ခုချင်းစီ၏ လုပ်ငန်းဆောင်ရွက်ချက်များကိုသော်လည်းကောင်း၊  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ တွဲဖက်အတွင်းရေးမှူး (၃)  ဖြားခွန်တင်ထွဋ္ဋ် က ပညာတတ်လူငယ်များသည် မိမိသင်ယူထားသည့် ပညာများကို မိမိတယောက်အတွက် ပညာဟုပြောလို့ရသလို တဖက်တလှမ်းအမျိုးသားရေး အတွက်သည်လည်း အထောက်အကူဖြစ်ရန်လိုအပ်ကြောင်း၊ မျိုးဆက်သစ်လူငယ်များ ဌာနဆိုင်ရာအသီးသီးရှိ တာဝန်ထမ်းဆောင်နိုင်ရန်လိုအပ်ကြောင်း၊ အမျိုးသားများ အရေး ကြုံလာရင်စည်းလုံးညီညွှတ်မှုရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

"ယခုလို နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊  ပအိုဝ်းလူမျိုးများ၏ တော်လှန်ရေးးအကြောင်းများ အစရှိသည့်အခန်းကဏ္ဍများကို အကျယ်တ၀င့်ရှင်းလင်း ပြောကြားပေးခဲ့သည် အတွက် ပြည်သူများအနေဖြင့် များစွာအကျိုကျေးဇူးရရှိသည်" ဟု   ဖြားခွန်ချစ်သာ   ကပြောကြားခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲကို အထူးဒေသ (၆) စန္တာခမ်း မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ (PNO)အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဘန်းပြင်ကျေးရွာအုပ်စု၊ ပေါယာကျေးရွာအုပ်စု၊ လုံးဖိုးကျေးရွာအုပ်စု၊ တီကျစ်ကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာအုပ်စု၊ မြင်းတွင်းကျေးရွာအုပ်စု၊ ပင်ခင်ကျေးရွာအုပ်စု တို့ မှ ဒေသခံရပ်မိရပ်ဖများ၊ လူငယ်မောင်မယ်များ (၅၀၀) ခန့်တက်ရောက်ကြောင်းသိရှိရပါသည်။

နန်းခမ်းစန္တာ

Powered by Blogger.