Monday, September 25, 2017

ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားဗွာလှဖေ ချမှတ်ခဲ့သည့် အမျိုးသားဒီမိုကရေစီလမ်းစဉ်ကို ဆက်လက်အကောင်အထည်ဖော်ရာတွင် အဖွဲ့အစည်းပေါင်းစုံနှင့်ပြည်သူလူထုများ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်







၂၀၁၇-ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀းဝဝ နာရီအချိန်တွင် အထူးဒေသ ၆ ညောင်ရွှေမြို့နယ် နောင်တောကျေးရွာအုပ်စု၊ မဇ္ဇိုမ လွယ်ခေါ် ဘုန်းတော်ကြီးကျောင်းအတွင်း အထူးဒေသ ၆ ပအိုဝ်းအမျိုးသားအဖွဲ့ PNO  ခမ်း၊ နယ်၊ အွိုင် အဖွဲ့က စတုတ္ထနေ့ လူထုတွေ့ဆုံပွဲကို ပြုလုပ်ကျင်းပခဲ့သည်။ ရှေးဦးစွာ ရတ္တနာ ၃ ပါးကို ကန်တော့ပြီး ခွန်ဖြားဗွာခမ်း၊ ကန်တော်ကြီးဒေသ ဥက္ကဌ ဖြားခွန်ယွန်းက အဖွင့်အမှာစကား ပြောကြားပေးခဲ့ပါသည်။

ဆက်လက်ပြီး ပအိုဝ်းအမျိုးသားတပ်မတော် ဌာနေပြည်သူ့စစ် PNA ဗိုလ်မှူးခွန်ဉာဏက ပအိုဝ်းအမျိုးသား တပ်မတော်PNA ဌာနေပြည်သူ့စစ် လှုပ်ရှုားမှုအခြေအနေများ၊ အခက်အခဲများ၊နိုင်ငံတော် လုံခြုံရေး၊ ဒေသတည်ငြိမ်အေးချမ်းရေး အကြောင်းအရာများကိုလည်းကောင်း၊ ကန်တော်ကြီးဒေသ၊ အတွင်းရေးမှူး ဗိုလ်မှူးခွန်ကျော်သူက အထူးဒေသ ၆ အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကြောင်းအရာများ၊ ပအိုဝ်းအမျိုးသားတော်လှန်ရေး သမိုင်းကြောင်းကိုလည်းကောင်း ပြောကြားခဲ့ပါသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ဗဟိုကော်မတီ ခွန်ဆောင်းရွှေက ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားဗွာလှဖေ ချမှတ်ခဲ့သည့် အမျိုးသားဒီမိုကရေစီလမ်းစဉ်ကို ဆက်လက်အကောင်အထည်ဖော်ရာတွင် အဖွဲ့အစည်းပေါင်းစုံနှင့်ပြည်သူလူထုများ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယနေ့မြန်မာနိုင်ငံရေး အပြောင်းအလည်းကာလတွင် ဒေသခံမိဘပြည်သူများ သိရှိပြီး အတူတကွ ပူးပေါင်းပါဝင်ကြရန်လိုအပ်ကြောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ခမ်း၊ နယ်၊ အွိုင် ဦးဆောင်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းကို မိဘပြည်သူများအနေဖြင့် လက်တွဲအကောင်အထည်ဖော် ဆောင်ရွက်ကြမှသာလျှင် အောင်မြင်မှုရရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဥပဒေရေးရာဌာန ခွန်ထွိုင်းက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီ နိုင်ငံရေးလှုပ်ရှုားမှုအကြောင်းအရာများ၊ ဌာနတစ်ခုချင်းစီ၏ လုပ်ငန်းတာဝန် ဝတ္တရားများကိုအကျယ်တဝင့် ရှင်းလင်း ဟောပြောပေးခဲ့ပါသည်။ ကန်တော်ကြီးဒေသ ညောင်ရွေမြို့နယ် အွိုင်းတနွိုင်ဝွိုန် ဥက္ကဌ ဆရာခွန်ထွန်းရွှေက ရပ်မိရပ်ဖကိုယ်စား ကျေးဇူးတင်စကားပြောကြားပြီးနောက် အခမ်းအနားကို ပြန်လည်ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။ အထူးဒေသ၆ ခွန်ဖြားဗွာခမ်း ကန်တော်ကြီးဒေသ လူထုတွေ့ဆုံဟောပြောပွဲတွင် ညောင်ရွေမြို့နယ် နောင်တောကျေးရွာအုပ်စုတွင် နေထိုင်ကြသော ဒေသခံမိဘပြည်သူများ ၂၀၀ ကျော်တက်ရောက်ခဲ့ကြပါသည်။

ခွန်အောင်ထွိုက်ဗွေ



Powered by Blogger.