Thursday, July 26, 2018

ဆီဆိုင်​မြို့နယ်၊ ဘန်းယဉ်​​ကျေးရွာအုပ်​စု၊ လွယ်​မွန်း​ကျေးရွာတွင်​ မူလတန်းကြို​ကျောင်း ​ကျောင်း​ဆောင်​သစ်​ လွှဲ​ပြောင်း​ပေးအပ်​ပွဲ၊ ဖွင့်​ပွဲပြုလုပ်​ကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်



ပအိုဝ်းကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသ ဆီဆိုင်​မြို့နယ်၊​ ဘန်းယဉ်​​ကျေးရွာအုပ်​စု၊ လွယ်​မွန်း​ကျေးရွာ အ​ခြေခံပညာအလယ်​တန်း​ကျောင်းတွင်​ မူလတန်းကြို​ကျောင်း လွှဲ​ပြောင်း​ပေးအပ်​ပွဲ၊ ဖွင့်​ပွဲအခမ်းအနားကို ၂၀၁၈-ခုနှစ်​၊ ဇူလိုင်လ (၂၆) ရက်​​နေ့၊ ​နေ့လည်​(၁းဝဝ) နာရီအချိန်​ ပြုလုပ်​ကျင်းပခဲ့​ကြောင်း သိရှိရပါသည်​။

ရှေးဦးစွာ ပအိုဝ်းကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသ ဦးစီးအဖွဲ့ လူမှု​ရေးတာဝန်​ခံ ဖြားခွန်​​မောင်​ပယ်​၊ ဆီဆိုင်​မြို့နယ်​​၊ ထွေအုပ်​ကိုယ်​စား ဘန်းယဉ်​​ကျေးရွာအုပ်​စု၊ အုပ်​ချုပ်​​ရေးမှူး ဦးစိုင်းစံထူး၊ ဆီဆိုင်​မြို့နယ်​၊ ဒု-မြို့နယ်​ပညာ​ရေးမှူး​ ဦးသက်​ဝင်းနှင့်​ ဂျပန်​နိုင်​ငံမှ JAMAHA အဖွဲ့အလှူရှင်​ Mr.KONDO၊ Ms.Fumie Menjo တို့က ဖဲကြိုးဖြတ်​ ဖွင့်​လှစ်​​ပေးခဲ့ပါသည်​။

ထို့​နောက်​ ပအိုဝ်းကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသ ဦးစီးအဖွဲ့ ဖြားခွန်​​မောင်​ပယ်​၊ လူမှုဝန်​ထမ်းဦးစီးဌာနညွန်​ကြား​ရေးမှူး၊ ဆီဆိုင်​မြို့နယ်​ ဒု- မြို့နယ်​ပညာ​ရေးမှူးဦးသက်​ဝင်း၊ JAMAHA အဖွဲ့မှ Mr.KONDO၊ Mr.Fu mie Minjo တို့က အဖွင့်အမှာစကား ​ပြောကြား​ပေးခဲ့ပါသည်​။

အဆိုပါ မူလတန်းကြို​ကျောင်းကို ဂျပန်​နိုင်​ငံ JAMAHA အဖွဲ့နှ့င့် ​ဒေသခံပြည်​သူများ ပူး​ပေါင်း၍(၆၀×၃၀) တစ်​ထပ်​အုတ်​ညှပ်​မူလတန်းကြို​ကျောင်းကို (၂၂-၁၂-၂၀၁၇) မှစတင်​​ဆောင်​ရွက်​ပြီး (၂၀-၃-၂၀၁၈)ရက်​​နေ့တွင်​ ​ဆောက်​လုပ်​ပြီးစီးခဲ့​ကြောင်း သိရှိရပါသည်​။

၎င်း ​မူလတန်းကြို​ကျောင်းကို ​ဆောက်​လုပ်​ရသည့် ရည်​ရွယ်​ချက်​မှာ ​ကျေးရွာတွင်းရှိ မူလတန်းကြိုအရွယ်​က​လေးများ ​ပျော်​​ပျော်​ရွင်​ရွင်​ လုံခြုံ​အေးချမ်းစွာဖြင့်​ပညာများ​လေ့လာသင်​ကြားနိုင်​ရန်​အတွက်​ ဂျပန်​နိုင်​ငံ JAMAHA အဖွဲ့နှင့်​ ​ဒေသခံပြည်​သူတို့ ပူး​ပေါင်းပါဝင်​ ​ဆောက်​လုပ်​ခဲ့ရခြင်းဖြစ်​သည်​။

လွယ်​မွန်း​ကျေးရွာ အ​ခြေခံပညာ အလယ်​တန်း​ကျောင်းတွင်​ ​ကျောင်းဆရာ/ဆရာမ (၉)ဦး၊ ​ကျောင်းသား၊​ကျောင်းသူစုစု​ပေါင်း (၂၉၄)ဦးရှိပြီး အိမ်​​ခြေ (၂၇၀)ရှိ​ကျောင်း သိရှိရပါသည်​။

မူကြို​ကျောင်း​ဆောင်​သစ်​ ဖွင့်​ပွဲအခမ်းအနားတွင်​ ဂျပန်​နိုင်​ငံမှ JAMAHA အလှူရှင်​အဖွဲ့များ၊ ပအိုဝ်းကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်ရ​ဒေသဦးစီးအဖွဲ့ ဖြားခွန်​​မောင်​ပယ်​၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်​ (PNO)၊ အတွင်း​ရေးမှူးအဖွဲ့ ဖြားခွန်​တင်​ထွဋ်​နှင့်​ တာဝန်​ရှိပုဂ္ဂိုလ်​များ၊ ဆီဆိုင်​မြို့နယ်​ ဌာနဆိုင်​ရာ တာဝန်​ရှိပုဂ္ဂိုလ်​များ၊ လွယ်​မွန်း​ကျေးရွာ အ.လ.က-​ကျောင်းဆရာ/ဆရာမများနှင့် ​ဒေသခံမိဘပြည်​သူများ (၂၀၀)​ကျော်​ တက်​​ရောက်​ခဲ့ကြ​ကြောင်း သတင်းရရှိပါသည်​။

ခွန်​​အောင်​ထွိုက်​​ဗွေ
Powered by Blogger.