Friday, August 23, 2013

ပင်လောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်းမှ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာစီစစ် သုံးသပ်ရေးကော်မရှင် အစည်းအဝေးတက်ရောက်

နေပြည်တော်၊ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၂၃) ရက်
ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသည့် ၂၀၀၈ ခုနှစ် ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာစီစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့မှ အဖွဲ့ဝင်များကို သြဂုတ်(၂၃)ရက် နေ့လည် (၂)နာရီ အချိန်တွင် နေပြည်တော်၊ ပြည်သူ့လွှတ်တော် ရုံးအမှတ်(၂၀)၌ အစည်းအဝေးပြုလုပ်ရန် ဖိတ်ကြား ခဲ့ပါသည်။
အဆိုပါကော်မရှင်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၊ ပင်လောင်းမြို့နယ်မှ ဦးခွန်မောင်သောင်းက အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။
Powered by Blogger.