Sunday, August 25, 2013

သံဃာသြ၀ါဒခံ ပအိုဝ်းသွေးလှူရှင်နှင့် လူမှုကူညီရေးအသင်း သို့ Probox မော်တော်ယာဉ်တစ်စီး ပေးအပ်လှူဒါန်း


 တောင်ကြီး၊ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၂၁) ရက် 

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ညောင်ဖြူစခန်း ရပ်ကွက်ရှိ ၀ါဆို ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဖွင့်လှစ်ထားသည့် သံဃာ သြ၀ါဒခံ ပအိုဝ်း  သွေးလှူရှင် နှင့် လူမှုကူညီရေး အသင်းရုံးသို့ သြဂုတ်လ (၂၁) ရက်၊ ၀ါခေါင် လပြည့်နေ့ နံနက် (၁၀) နာရီ အချိန်တွင် တောင်ကြီးမြို့၊ ညောင်ဖြူစခန်း ရပ်ကွက်၊ နယ်မြေ (၁) ၊ သိင်္ဂင်္ီလမ်း၊ အိမ်အမှတ် ည/၁၁၆၇ နေ ဦးလှမြင့် + ဒေါ်ခင်စန်းမြင့် (စေတနာမွန် မိသားစု) တို့မှ သွေးအလှူရှင်နှင့် လူမှုကူညီရေးအသင်း၏ အကျိုးပြု လုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် Probox မော်တော်ယာဉ် တစ်စီး ပေးအပ်လှူဒါန်းခဲ့ရာ ပအိုဝ်းသွေးလှူရှင်နှင့် လူမှု ကူညီရေးအသင်း ဒုဥက္ကဋ္ဌ ဦးခွန်မင်းကျော်၊ အတွင်းရေးမှူး ဦးခွန်ကျော်ဇော နှင့်ဦးခွန်သိန်းအောင် တို့မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။




Powered by Blogger.