Wednesday, March 25, 2015

ဆဋ္ဌမအကြိမ် ပအိုဝ်းအမျိုးသားညီလာခံကို ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း (ဒဲဉ်သီးဗွေကွင်း)တွင် ဆက်လက် ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ မတ်လ (၂၆) ရက်


ဆဋ္ဌမအကြိမ် ပအိုဝ်းအမျိုးသားညီလာခံကို ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း (ဒဲဉ်သီးဗွေကွင်း) တွင် ဆက်လက်ပြုလုပ်ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ရှေးဦးစွာ ဗဟိုကော်မတီ၊ ဗဟိုအလုပ်အမူဆောင်များကို ပြန်လည်ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် တက်ရောက်လာသော ညီလာခံကိုယ်စားလှယ်များမှ  အဆိုပြုခြင်း၊ ထောက်ခံခြင်းများကှို ပြုလုပ်ခဲ့ပါသည်။ ထိုသို့ ရွေးချယ်တင်မြောက်ရာတွင် ယခင်က ဗဟိုကော်မတီအဖွဲ့ဝင်များ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ရုံးတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ၊ ပအိုဝ်းလူငယ်ကွန်ယက်(PYN)မှလူငယ်များ၊ ပအိုဝ်းလူမျိုးများ နေထိုင်ဒေသတွင်ရှိသော အဖွဲ့အစည်းအသီးသီးများမှပုဂ္ဂိုလ်များနှင့် နိုင်ငံရေးကို စိတ်ပါဝင်စား၍ ပါသင့်ပါထိုက်သော ပုဂ္ဂိုလ်များကို ရွေးချယ်တင်မြှောက်သွားပါသည်။ ဆက်လက်၍ ရွေးချယ်တင်မြှောက်ခြင်းခံရသော ဗဟိုကော်မတီဝင်းများအား ကတိသစွာခံယူ၍ ဗဟိုကော်မတီဝင်များအဖြင့် ညီလာခံတွင် အတည်ပြုခဲ့ကြပါသည်။ ထိုနောက် ဦးခွန်မောင်သောင်းမှ အရေးကြီးသည့် အဆိုတင်သွင်းကာ (၁၄-၃-၂၀၁၅)ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ပအိုဝ်းအမျိုးသားနိုင်ငံရေး ဦးဆောင်အဖွဲ့(ခမ်းထီအွဉ်ငါ)ကို ညီလာခံမှ တင်သွင်းအတည်ပြုခဲ့ပါသည်။



ထို့ပြင် ညီလာခံတွင်တင်သွင်းသော အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်း အဆိုတင်သွင်း၊ ထောက်ခံ ၊ အတည်ပြုခဲ့ပါသည်။ ထိုနောက် ရွေးချယ်တင်မြှောက်ခြင်းခံရသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဥက္ကဋ္ဌဦးခွန်စံလွင်မှ အမှာစကားပြောကြားကာ သဘာပတိကြီး ဖြားတန်အောင်ခမ်းထီက နိဂုံးချုပ်မိန့်ခွန်းပြောကြားပြီး ပအိုဝ်းအမျိုးသားညီလာခံကြီးကို အောင်မြင်စွာပြီးဆုံးသွားကြောင်း နှင့် ယင်းညီလာခံတွင် ပအိုဝ်းလူမျိုးများနေထိုင်ရာ တောင်ပေါ်မြေပြန့် ကိုယ်စားလှယ်(၅၀၀)ခန့် တက်ရောက်ကြောင်းသိရှိရပါသည်။

ခွန်ထင်းလေအောင်း


Powered by Blogger.