ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၃) ရက်၊ မွန်လွဲ (၂) နာချီအချိန်တွင် မြို့နယ်ပြည်သူ့အားကစားကွင်အတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြှင့်မားရေးကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးပါသည့် ကဏ္ဍတရပ်အဖြစ်အလေးထားပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ ဟိုပုံးမြို့နယ်အတွင်းရှိ ရွက်ပုံးသီးလူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ပြိုင်ပွဲများပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ မိမိမြို့နယ်ဂုဏ်၊ မိမိဒေသဂုဏ်တို့ကို ထိန်းသိမ်းနိုင်ဖို့ အားကစားစိတ်ဓါတ် အပြည့်အ၀ယှဉ်ပြိုင်ကစားကြရန် မှာကြားလိုကြောင်း၊ မြို့နယ်အဆင့်မှခရိုင်၊ ခရိုင်အဆင့်မှပြည်နယ်၊ ပြည်နယ်အဆင့်မှ နိုင်ငံလက်ရွေးဆင်အဖြစ် တက်လှမ်းနိုင်ရေး ရည်မှန်းချက်ထားကာ အားသွန်ခွန်စိုက်ယှဉ်ပြိုင်ကစားသွားကြရန် လိုအပ်ပါကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းကိုမှ အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ စစ်ရေးပြမှူး ဦးဆောင်ကာ ပြိုင်ပွဲဝင်အသင်းများမှ မြို့နယ်အုပ်ချုပ်ရေးမှူးအားအလေးပြုကြပြီး အားကစား သစ္စာအဓိဌာန်ရွတ်ဆိုကြကြောင်းနှင့် ပြိုင်ပွဲကို စတင်ပြိုင်ကြရာ မြို့ဦးကွက်သစ်(က)အသင်းနှင့် အရှေ့ရပ်(ခ)အသင်းတို့ ယှဉ်ပြိုင်ကစားကြကြောင်း သိရှိရပါသည်။
အဆိုပါ မြို့နယ်အုပ်ချုပ်ရေးမှူးဖလားဘောလုံးပြိုင်ပွဲတွင် ရပ်ကွက်/ကျေးရွာပေါင်းစုံမှ ဘောလုံးပြိုင်ပွဲဝင် အသင်း(၃၄)သင်း ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး (၉-၉-၂၀၁၅)ရက်တွင် ဗိုလ်လုပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
နန်းဦးခမ်း(ဟိုပုံး)
Like On Facebook
Follow On Twitter
Subscribe On RSS