Tuesday, September 29, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ ကျောက်တလုံးကြီးမြို့သို့ အလည်အပတ်သွားရောက်ပြီး ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်

Photo by Khun Mg Sein (PNO)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့သည် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့တွင် ထမ်းဆမ်းသဘာဝလှိုင်ဂူမှ  ဟိုပုံးကိုရင်လေးနှင့် အတူ ကျောက်တလုံးကြီးမြို့သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာခဲ့ကြရာ ကျောက်တလုံးကြီးမြို့မှ အထက ကျောင်းသူ/သားများ၊ ဒေသခံလူထုများနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက ကျောက်တလုံးကြီးမြို့၊ အထကကျောင်းဝင်း၌ ပအိုဝ်းတိုင်းရင်းသားရိုးရာ အိုးစည်ဗုံမောင်းဖြင့် ကြိုဆိုခဲ့ကြပါသည်။

Photo by Khun Mg Sein (PNO)
Photo by Khun Mg Sein (PNO)
Photo by Khun Mg Sein (PNO)
ထို့နောက် ဗိုလ်ချုပ်မှူးကြီးနှင့်အဖွဲ့သည် ကျောက်တလုံးကြီးမြို့၊ အထကကျောင်းမှ  ဘုရားတောင်ပေါ်ရှိ မြသပိတ်စေတီတော်ကို သွားရောက်ဖူးမျှော်ကြည်ညိုပြီး ဘုရားပရ၀ုဏ်အတွင်း ဒေသခံလူထုများနှင့် ခင်မင်ရင်းနှီးစွာ တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

Photo by Khun Mg Sein (PNO)
Photo by Khun Mg Sein (PNO)
Photo by Khun Mg Sein (PNO)
Photo by Khun Mg Sein (PNO)
Photo by Khun Mg Sein (PNO)
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့သည် ဘုရားတောင်မှတဆင့် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ နေအိမ်သို့ သွားရောက်လည်ပတ်ရာ (PNO) ပြည်သူ့စစ်ဌာနေမှ တာဝန်ရှိသူများ၊ ပအိုဝ်းအမျိုးသားခေါင်းဆောင်၏ မိသားစုဝင်များမှ ခရီးဦးပြု ကြိုဆိုခဲ့ကြပါသည်။

Photo by Khun Mg Sein (PNO)
Photo by Khun Mg Sein (PNO)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဦးအောင်ခမ်းထီနှင့် နယ်မြေဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကာ၊ ဦးအောင်ခမ်းထီ မိသားစုမှ နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး၊ နေ့လည် (၁၂း၃၀) နာရီ အချိန်တွင် ကျောက်တလုံးကြီးမြို့မှ တပ်မတော်ရဟတ်ယာဉ်ဖြင့် ပြန်လည်ထွက်ခွါသွားခဲ့ကြောင်း သတင်းရရှိပါသည်။

ဦးခွန်ရဲနောင် [ရုံးအဖွဲ့မှူး - (PNO) ပြည်သူ့စစ်ဌာနေ စစ်ရုံးချုပ်]

Powered by Blogger.