တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်
 |
ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခွန်သန်းထူးမှ ဟောပြောစဉ် |
ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခွန်သန်းထူးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်ပယ်တို့က ၂၀၁၅-ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် ပတ်သက်၍ ယနေ့ ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်၊ အင်္ဂါနေ့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ လွယ်ဆံဆစ်ရွာတွင် မိဘပြည်သူများနှင့် စည်းရုံးရေးနှင့် မဲဆွယ်မှု ဟောပြောပွဲအခမ်းအနား ပြုလုပ်ကျင်းပခဲ့ပါသည်။
 |
ဆီဆိုင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ပယ်မှ ဟောပြောစဉ် |
ရှေးဦးစွာ ကြွရောက်လာသော လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်တကွ မိဘပြည်သူများက လွယ်ဆံဆစ်ဘုန်းတော်ကြီးကျောင်းဆရာတော်အား ရှိခိုးကန်တော့ကာ ငါးပါးသီလခံယူပြီး ဆရာတော် သြ၀ါဒကို နာယူခဲ့ပါသည်။ ထို့နောက် ဆီဆိုင်မြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဥက္ကဌ ဦးခွန်ဆန်းဖေမှ အဖွင့်အမှာစကားပြောကြားပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ဦးခွန်ကိုး၊ ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခွန်သန်းထူးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ပယ်တို့ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာများကို ဟောပြောရှင်းလင်းခဲ့ပါသည်။ ဆက်လက်၍ ဦးခွန်စောင်းဝဲင်းနှင့် PYNမှ ခွန်ဗိုလ်အောင်တို့က ရွေးကောက်ပွဲနှင့်ပတ်သက်သည့် မဲထည့်ပုံထည့်နည်းများကို ရှင်းလင်းပြောကြား သရုပ်ပြသသွားကြောင်း သိရှိရပါသည်။
ခွန်ဆုဗွေခမ်း (လွယ်ဆံဆစ်)
Like On Facebook
Follow On Twitter
Subscribe On RSS